ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 5 ပန္းေလးေတြ ပြင့္လာျပီး ရနံ႕ သင္းပ်ံ႕ခ်ိန္
ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 5 ပန္းေလးေတြ ပြင့္လာျပီး ရနံ႕ သင္းပ်ံ႕ခ်ိန္
Chapter 5 ပန္းေလးေတြ ပြင့္လာျပီး ရနံ႕ သင္းပ်ံ႕ခ်ိန္
သံမဏိ သစ္ပင္ ဂ်န္ ကေတာ့ သူအတတ္ႏိုင္ဆုံး အျမန္
ႏႈန္းနဲ႕ ေျပးသြားတဲ့အတြက္ အျပာေရာင္ ေငြ႕တန္းသာ ျမင္ရပါေတာ့တယ္။ ရုတ္တရက္
သူ႕ေျပးလမ္း အေရွ႕မွာ ရွိေနတဲ့ သစ္ပင္ၾကီး တစ္ပင္ဟာ ျပိဳလဲသြားျပီးေတာ့
သူ႕ေျပးလမ္းကို ပိတ္လိုက္ပါေတာ့တယ္။ တခ်ိဳ႕ သစ္ပင္ၾကီးေတြကေတာ့ ေလထဲ
ပ်ံတက္လာၾကျပီးေတာ့ သူ႕ဆီ ဦးတည္ တိုး၀င္လာၾကပါတယ္။
“ဘာ..ဘာျဖစ္တာလဲဟ”
သံမဏိ သစ္ပင္ ဂ်န္ မ်က္ႏွာမွာ ေသြးေရာင္ မရွိေတာ့ပါဘူး။
သူ႕လက္ထဲက အစြမ္းထက္လြန္းလွတဲ့ ၾကာပြတ္ၾကီးကို
အၾကိမ္မ်ားစြာ ေ၀ွ႕ယမ္းလိုက္ပါတယ္။ ၾကာပြတ္အလင္းတန္းေတြ ျဖာထြက္လာျပီးေတာ့
သူ႕ဆီကို ပ်ံ၀ဲ၀င္ေရာက္လာတဲ့ သစ္ပင္ၾကီးေတြ အပိုင္းပိုင္း ျပတ္ကုန္ပါေတာ့တယ္။
ဒါေပမဲ့ သူ႕ရဲ့ အျမန္ႏႈန္းလည္း ေတာ္ေတာ္ က်သြားခဲ့ပါတယ္။
“ဟူး..ဟူး..”
အရပ္ မ်က္ႏွာ မ်ိဳးစံုကေနျပီးေတာ့ သစ္ပင္
ၾကီးေတြ သစ္ကိုင္း အပိုင္းအစေတြ အျပင္ ေက်ာက္တံုးေတြ နဲ႕ ေျမၾကီးခဲေတြပါ သူ႕ဆီကို
တိုး၀င္လာျပန္ပါတယ္။
“fuk.. ဘာျဖစ္တာလဲဟ..”
ဂ်န္ အလြန္အမင္းကို
ထိတ္လန္႕တုန္လႈပ္သြားပါေတာ့တယ္။
“ဘာလို႕ ဒီေက်ာက္တံုးေတြ ေျမၾကီးခဲေတြ သစ္ပင္ သစ္ကိုင္းေတြက ငါ့ဆီကို ပ်ံ၀င္လာၾကရတာလည္း။”
ဂ်န္ ဒီလို အေၾကာင္းအရာမ်ိဳးကို တစ္ခါမွ
မၾကားဖူးခဲ့ပါဘူး။ ဇီဖူ တန္ခိုးရွင္ေတြေတာင္မွ သူတို႕ရဲ့ ေမွာ္ရတနာေပၚမွာ
မတ္တပ္ရပ္ျပီးပဲ ေတာ့ ေမွာ္ရတနာေတြကို အမိန္႕ေပး ပ်ံသန္းႏိုင္ၾကပါတယ္။ ဒါေပမဲ့
သာမာန္ အရာ၀တၳဳေတြကို ပ်ံသန္းသြားေစဖို႕ဆိုတာကေတာ့ ဇီဖူတန္ခိုးရွင္ေတြေတာင္မွ
မစြမ္းေဆာင္ႏိုင္ပါဘူး။
မေရမတြက္ႏိုင္တဲ့ ေက်ာက္တံုးေက်ာက္ခဲေတြ သစ္ပင္
အပိုင္းအစေတြဟာ ဂ်န္ရဲ့ ေျပးႏႈန္းကို ေတာ္ေတာ္ က်သြားေစခဲ့ပါတယ္။
“သံမဏိ သစ္ပင္ ဂ်န္ မင္း ေျပးလို႕ မလြတ္ပါဘူး။”
အေနာက္ကေန အလင္းတန္းသဖြယ္ ေျပးလိုက္လာတဲ့
ဂ်ိနင္က ေအာ္ေျပာလိုက္ပါတယ္။
“မင္း.. မင္းက ဒါေတြကို ဘယ္လိုလုပ္လိုက္တာလည္း။”
ဂ်န္ က သစ္ပင္ၾကီးေတြကို ရိုက္ခ်လိုက္ျပီးေတာ့
ဆက္ေျပးဖို႕ ၾကိဳးစားလိုက္ပါတယ္။ ဒါေပမဲ့ ေက်ာက္တံုးေက်ာက္ခဲေတြ ေျမၾကီးခဲေတြ
သစ္ပင္အပိုင္းအစေတြက မေရမတြက္ႏို္င္ေအာင္ ၀န္းရံထားတဲ့အတြက္ သူ ျမန္ျမန္ေျပးလို႕
မရျဖစ္ေနပါတယ္။
ဂ်ိနင္က ျပံဳးျပလိုက္ပါတယ္။
အမွန္ပါပဲ။
ဒီလုိျဖစ္ေအာင္ သူလုပ္လိုက္တာပါ။ ဂ်န္က
ခႏၶာေပါ့ပါး တံဆိပ္ေတာ္ နဲ႕ နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္ ကို
သံုးလိုက္တဲ့အခ်ိန္မွာ မိုးေပၚပ်ံသန္းတာေလာက္နီးနီးကို ျမန္သြားပါတယ္။ ဒီလို
စိုးရိမ္စရာ အေျခအေနမွာ သူ႕ရဲ့ အစြမ္းထက္လြန္းလွတဲ့ စိတ္ရဲ့ အေတြးဟာ ေရကန္ေလးထဲက
ေရေတြနဲ႕ ေျမျပင္ကို လႈပ္ခါသြားေစခဲ့တာကို သတိထားမိသြားပါတယ္။
သူ႕ရဲ့ စိတ္အေတြးဟာ မျမင္ရတဲ့ လက္တစ္ဖက္လိုပါပဲ။
အနီးမွာ ရွိတဲ့ ေျမၾကီးေတြ သစ္ပင္ေတြနဲ႕ အရာ၀တၳဳေတြကို ကိုင္တြယ္ႏိုင္ေနပါတယ္။
“နတ္ဘုရား စိတ္စြမ္းအင္။။”
နင္ အရမ္းကို ေပ်ာ္ရႊင္သြားပါတယ္။
စိတ္၀ိဥာဥ္ဟာ အစြမ္းထက္လြန္းလာတဲ့အခါမွာ ထူးျခား
အံ့ၾသဖြယ္ရာေတြကိုပါ ရရွိလာပါတယ္။
သာမာန္ေျပာရရင္ေတာ့ ဇီဖူ တန္ခိုးရွင္ေတြဟာ
သူတို႕ရဲ့ စိတ္ကို ၂ပိုင္း ခြဲလာႏိုင္ပါတယ္။
၀မ္ရွင္း သူေတာ္စင္ေတြကေတာ့ နတ္ဘုရား
စိတ္စြမ္းအင္ကို သံုးလာႏုိင္ပါတယ္။
မူလအစ တာအို တန္ခိုးရွင္ေတြကေတာ့ ေကာင္းကင္
မ်က္စိကို ဖြင့္လာႏိုင္ျပီးေတာ့ သူတို႕ရဲ႕ နတ္ဘုရား စိတ္အာရံုကို
အသံုးျပဳလာႏိုင္ပါတယ္။
ပံုရိပ္ေဖာ္ က်င့္စဥ္ေတြဟာ အရမ္းကို
ရွားပါးျပီးေတာ့ ထူးျခားလြန္းပါတယ္။ ဂ်ိကလန္မွာဆိုရင္ ဘယ္သူမွ ပံုရိပ္ေဖာ္
က်င့္စဥ္ အေၾကာင္းကို မသိၾကပါဘူး။ သူတို႕ေတြ ေလ့က်င့္ၾကတဲ့ တစ္ခုတည္းေသာ
နည္းလမ္းကေတာ့ ပထမဆံုး တာအို တရား က်င့္ၾကံၾကျပီးေတာ့ သူတို႕ရဲ့ ခႏၶာကိုယ္ကို အရင္
ေလ့က်င့္ ၾကပါတယ္။ ေနာက္မွ စိတ္၀ိဥာဥ္ကို ေလ့က်င့္တာပါ။ ဂ်ိနင္ကေတာ့ ႏု၀ါရဲ့
က်င့္စဥ္အတိုင္း က်င့္လို႕ အတိုင္းအတာတစ္ခုအထိ ေရာက္ေနပါျပီ။ ဟို တညက
တာအိုဥာဏ္အလင္းရရွိခဲံ့တာဟာ သူ႕၀ိဥာဥ္အတြက္ အလြန္ အဖိုးတန္တဲ့ အခ်က္တစ္ခ်က္ပါပဲ။
တာအိုကို နားလည္ျပီးတဲ့အခါမွာ မီးနဲ႕ေရဟာ
ေကာင္းကင္ကေနျပီးေတာ့ ဆင္းသက္လာခဲ့ျပီး ဖင္းေဂါ့ ခႏၶာကိုယ္ ေမြးဖြားလာပါတယ္။
ခႏၶာကိုယ္ဟာ ပိုျပီးေတာ့ အစြမ္းထက္လာတဲ့အခါမွာ ၀ိဥာဥ္ကလည္း အစြမ္းေတြ တိုးလာပါတယ္။
နင္ ဟာ မသိလိုက္ပဲနဲ႕ နတ္ဘုရား စိတ္စြမ္းအင္ကို
သံုးႏိုင္တဲ့အဆင့္ကို ေရာက္လာခဲ့ပါတယ္။ သူ သံမဏိ ဂ်န္ ထြက္ေျပးတဲ့ အခ်ိန္အထိကို
မသိေသးပါဘူး။ နင္ဟာအသည္းအသန္ လိုက္ဖမ္းဖို႕အတြက္ သူ႕မသိစိ္တ္ စိတ္စြမ္းအင္နဲ႕
ေျမျပင္ နဲ႕ ေရျပင္ကို တုန္လႈပ္သြားေစေတာ့မွ သူ သတိထားမိသြားပါတယ္။
“မင္းေျပးလို႕ မလြတ္ေတာ့ပါဘူး။”
နင္က သူကရဲ့ နတ္ဘုရား စိတ္စြမ္းအင္ နဲ႕
အနီး၀န္းက်င္က အရာ၀တၳဳေတြကို ထိန္းခ်ဳပ္ျပီးေတာ့ သံမဏိ သစ္ပင္ဂ်န္ကို ၀ိုင္းရံထားလိုက္ပါေတာ့တယ္။
….
“ဒါ..ဒါ.. ဒီလိုျဖစ္ရတာက ဒီေကာင္ေလးေၾကာင့္ မဟုတ္ပဲ တျခား ေၾကာက္ဖို႕ေကာင္းေလာက္ေအာင္ အစြမ္းထက္တဲ့ တန္ခိုးရွင္တစ္ေယာက္မ်ား ေရာက္ေနလို႕လား။ အဲ့ဒီ တန္ခိုးရွင္က ဒီကေလးရဲ့ ပါရမီကို သတိထားမိသြားျပီးေတာ့ သူ႕ကို ကူညီေပးဖို႕ ဆံုးျဖတ္လိုက္တာမ်ားလား။”
သူ ထြက္မေျပးႏိုင္ေတာ့ပဲ အစြမ္းကုန္
ခုခံတိုက္ခိုက္ေနပါတယ္။ အရမ္း လည္း တုန္လႈပ္ေၾကာက္ရြ႕ံေနပါတယ္။
“ေရမီး ၾကာပန္း”
နင္က သူ႕ကို အာရံု စိုက္လိုက္ပါတယ္။
မီးၾကာပန္းၾကီးက သံမဏိသစ္ပင္ ဂ်န္ရဲ့ အေပၚမွာ
ေပၚလာျပီးေတာ့ ေရၾကာပန္းက သူ႕ရဲ့ ေအာက္ဘက္မွာ ေပၚလာပါတယ္။ တခ်ိန္တည္းမွာ ဒီၾကာပန္း
၂ခုက တျဖည္းျဖည္း ဆန္႕က်င္ဘက္ ကို လည္ပတ္လာပါတယ္။
“ဘယ္ဆရာၾကီး ေရာက္ေနလည္းဆိုတာ ကၽြန္ေတာ္ တကယ္ မသိတာပါ။”
သံမဏိ သစ္ပင္ ဂ်န္ ေအာ္ဟစ္လိုက္ျပီးေတာ့
လက္ထဲမွာ တာအိုတံဆိပ္ေတာ္တခုကို ေဖာ္ျပထားလုိက္ပါတယ္။ ဒီ တာအို တံဆိပ္ေတာ္က
စိန္တံုး ပံုရိပ္အသြင္ ထြက္လာျပီးေတာ့ သူ႕ခႏၶာကုိယ္နဲ႕ ေပါင္းသြားပါတယ္။
သူ႕ခႏၶာကိုယ္က ေရႊေရာင္အလင္းေတြ ထြက္လာပါေတာ့တယ္။
“ကၽြန္ေတာ္မ်ိဳးက သံမဏိ သစ္ပင္ ကလန္က တပည့္ေလးတစ္ေယာက္ပါ။ ျပီးေတာ့ ႏွင္းနဂါး ေတာင္ နဲ႕လည္း မိတ္ေဆြေကာင္းတစ္ေယာက္ပါခင္ဗ်ာ။”
“ကၽြန္ေတာ္မ်ိဳးက သံမဏိ သစ္ပင္ ကလန္က တပည့္ေလးတစ္ေယာက္ပါ။ ျပီးေတာ့ ႏွင္းနဂါး ေတာင္ နဲ႕လည္း မိတ္ေဆြေကာင္းတစ္ေယာက္ပါခင္ဗ်ာ။”
“အားစိုက္မေနစမ္းပါနဲ႕”
နင္က အနီးကို ေရာက္လာပါျပီ။
“ဂ်ိကလန္က ေကာင္ေလး..”
သံမဏိ သစ္ပင္ ဂ်န္ရဲ့ ခႏၶာကို္ယ္ဟာ
တုန္လႈပ္ေနပါတယ္။ သူ႕လက္ထဲက သစ္နက္ႏြယ္ၾကာပြတ္ နဲ႕ ရက္ရက္စက္စက္ နင္ဆီကို
ရိုက္ခ်လိုက္ျပီးေတာ့ ဖမ္းဆီးဖို႕ ၾကိဳးစားလိုက္ပါတယ္။
နင္ကေတာ့ လက္ထဲမွာ ဓား ၂ လက္ကို ကိုင္ထားပါတယ္။
သူက မိုးၾကိဳးတမွ် ျမန္လြန္းပါတယ္။
“ခၽြင္”
သူ႕ ဘယ္ဘက္လက္ထဲက ဒက္ေနာ့ ဓားဟာ ေရပက္မ၀င္
သိုင္းကြက္ကို အသံုးျပဳလိုက္ပါတယ္။ ဓားနဲ႕ သစ္နက္ႏြယ္ၾကာပန္းဟာ
ထိေတြ႕သြားတဲ့အခါမွာ ၾကာပြတ္က ဓားကို ရစ္ပတ္သြားပါတယ္။ ဒါေပမဲ့ နင္က သူ႕ ဘယ္လက္ထဲက
ဓားကုိ အၾကိမ္ အမ်ားၾကီး လွည့္လိုက္ပါတယ္။ ေနာက္ဆံုေတာ့ နင္ရဲ့ ဓားက ၾကာပြတ္ကို
ဆြဲယူလိုက္ႏိုင္ပါတယ္။
“ရႊင္…”
နင္ရဲ့ ညာဘက္လက္က ပိျုပီးေတာ့ ျမန္ဆန္ပါတယ္။
“ပ်က္စမ္း..”
ဂ်န္က သူ႕ရဲ့ သစ္နက္ႏြယ္ ၾကာပြတ္ကို အသည္းအသန္း
ျပန္ဆြဲယူေပမဲ့ မရခဲ့ပါဘူး။
“ငါ ဒီမွာ ေသလို႕ မျဖစ္ဘူး။ ဂ်ိကလန္က
ေကာင္ေလးရဲ့ လက္ထဲမွာ ငါေသလို႕ မျဖစ္ဘူး။”
သူ ေသရေတာ့မဲ့ ေငြ႕အသက္ကို ရလာတဲ့အတြက္ သံမဏိ
သစ္ပင္ ဂ်န္ ေဆာက္တည္ရာမရ ျဖစ္လာပါတယ္။ သူ႕လက္ထဲက ၾကာပြတ္ကို လႊတ္လိုက္ပါတယ္။
ျပီးတာနဲ႕ ေနာက္လွည့္ျပီး ဆက္ေျပးပါေတာ့တယ္။
“ဖန္း”
ေရနဲ႕ မီး ၾကာပန္းေတြရဲ့ ၾကိတ္ေျချခင္းကို
ခံရတဲ့အတြက္ သူ႕ ခႏၶာကုိယ္က ေရႊေရာင္အလင္းေတြဟာ အက္ေၾကာင္းေတြ ေပၚလာျပီးေတာ့
ေပ်ာက္ကြယ္သြားပါေတာ့တယ္။
“အား..”
သံမဏိ သစ္ပင္ ဂ်န္ရဲ့ အ၀တ္အစားေတြဟာ ေရမီး
ၾကာပန္းေတြေၾကာင့္ အမႈန္ေတြျဖစ္သြားပါတယ္။ သူ႕ခႏၶာကုိယ္ေပၚလာျပီးေတာ့ တကိုယ္လံုး
တျဖည္းျဖည္း မည္းနက္သြားပါေတာ့တယ္။ သူ႕ရဲ့ နာက်င္စြာ ေအာ္ဟစ္သံက
ပဲ့တင္ထပ္က်န္ခဲ့ပါတယ္။
“ရႊစ္”
မိုးေရစက္ တစ္စက္က သံမဏိ သစ္ပင္ဂ်န္ရဲ့
ဦးေခါင္းကို ထိုးေဖာက္သြားပါတယ္။
ေရနဲ႕ မီး ၾကာပန္းၾကီး တျဖည္းျဖည္း
ေပ်ာက္ကြယ္သြားပါျပီ။ နင္က သူ႕ဓားကို သိမ္းလိုက္ျပီးေတာ့ မဲတူးေနတဲ့ ဂ်န္ကို
တိတ္တိတ္ဆိတ္ဆိတ္ ၾကည့္ေနမိပါတယ္။
သံမဏိ သစ္ပင္ ဂ်န္ရဲ့ မ်က္လံုးေတါဟယ
ျပဴးက်ယ္ေနပါတယ္။ သူ႕မ်က္ခံုးေမႊးေတြ မရွိေတာ့ပါဘူး။ ဦးေခါင္းမွာေတာ့ ေသြးေတြ
က်ေနတဲ့ အေပါက္ေလးတစ္ေပါက္ ရွိေနပါတယ္။ သူ႔ မ်က္၀န္းဟာ မယံုၾကည္ႏိုင္မႈေတြ ေဒါသေတြ
နဲ႕ ျပည့္ေနပါတယ္။ သူ ဒီေကာင္ေလးရဲ့ လက္ထဲမွာ ေသရလိမ့္မယ္လို႕ မထင္ထားမိတာပါ။
သူ႕ရင္ထဲမွာ သူ႕ကို တားဆီးလိုက္တဲ့ တန္ခိုးရွင္ကို ပိုျပီးေတာ့ မုန္းတီးေနပါတယ္။
အဲ့ဒီ တန္ခိုးရွင္ၾကီးေၾကာင့္သာ မဟုတ္ရင္ သူေျပးလို႕ လြတ္မွာပါ။
“အင္ေမာ္တယ္ က်င့္ၾကံသူ…”
နင္ ႏွလံုးသားထဲထိ ေပ်ာ္ရႊင္ေနပါတယ္။
ေနာက္ဆံုးေတာ့
သူ ဇင္တ်န္ တန္ခိုးရွင္ ျဖစ္ခဲ့ျပီ။
ကမာၻတလႊား ေက်ာ္ၾကားလွတဲ့ သံမဏိ သစ္ပင္
ဂ်န္ေတာင္ သူ႕ေၾကာင့္ အသက္ ဆံုးရွံဴးခဲ့ရျပီ။
“ငါ ေမာ္တယ္ လူသား ကမာၻမွာ ျပန္ေမြးဖြားလာခဲ့ေပမဲ့.. ငါ့ရဲ့ ၾကိဳးစားမႈေၾကာင့္ ဇင္တ်န္ တန္ခိုးရွင္ ျဖစ္ခဲ့ျပီ။ ဒါ ငါ ဂ်ိနင္ ရဲ့ စတင္ ေလွ်ာက္လွမ္းတဲ့ မွတ္တိုင္ပဲ။ ငါ့ ရဲ့ လမ္းေၾကာင္းပဲ။”
အရင္ဘ၀က အေတြ႕ အၾကံဳေတြဟာလည္း ရွိေနပါတယ္။
ဒီ အေတြ႕အၾကံဳေတြက နင္ရဲ့ ႏွလံုးသားကို ပိုပို
ျပီးေတာ့ သန္စြမ္းလာေအာင္ တြန္းအားေပးေနပါတယ္။ သူ႕ရဲ့ ကံၾကမၼာကို
သူဖန္တီးႏိုင္ဖို႕။ ဘယ္သူမွ သူ႕ကံၾကမၼာကို မထိန္းခ်ဳပ္ပဲ သူသာလွ်င္
ထိန္းခ်ဳပ္ႏိုင္သူ ျဖစ္ရမယ္။
“ဒါေတြအားလံုးက အစပါပဲ။”
နင္ဟာ ဂ်န္ ရဲ့ အေလာင္းဆီကို တစ္လွမ္းခ်င္း
ေလွ်ာက္လာပါတယ္။ သူ႕ရဲ့အေတြးနဲ႕ ဂ်န္ ရဲ့အေလာင္းကို မီးေတာက္ေတြ
၀ါးမ်ိဳသြားျပီးေတာ့ သံခ်ပ္ကာနဲ႕ ၾကာပြတ္ပဲ က်န္ရစ္ခဲ့ပါေတာ့တယ္။
“အင္း..”
သူ႕လက္ထဲကို ပစၥည္း ၂ခုလံုး ပ်ံသန္းေရာက္ရွိလာပါတယ္။
“အိုးး.. ဒီ လက္ေမာင္း ကာ က သိုေလွာင္ အိတ္ ရတနာတမ်ိဳးပဲ။ ဒီ သစ္နက္ႏြယ္ ၾကာပြတ္ကလည္း ေမွာ္ရတနာပဲ။”
“အိုးး.. ဒီ လက္ေမာင္း ကာ က သိုေလွာင္ အိတ္ ရတနာတမ်ိဳးပဲ။ ဒီ သစ္နက္ႏြယ္ ၾကာပြတ္ကလည္း ေမွာ္ရတနာပဲ။”
“အင္း..”
နင္ ျပန္သြားပါတယ္။
သူ ေရကန္ေလးနား ျပန္သြားျပီးေတာ့ ယင္ယန္
၀ဂၤဘာေဖာ္ေမးရွင္ အလံတိုင္ ၈ခုကို စုေဆာင္းလိုက္ပါတယ္။ ဒိ အလံတိုင္ေတြရဲ့ အလံရြက္က
အရမ္းကို နက္ေမွာင္ေနျပီးေတာ့ စြမ္းအားတစ္မ်ိဳး ထုတ္လႊင့္ေနပါတယ္။
“ေမွာ္ရတနာေတြ နဲ႕ တာအို တံဆိပ္ေတာ္ေတြ။ အကုန္
လံုးက အနည္းဆံုး ကီက်င့္စဥ္မွာ ဇင္တ်န္အဆင့္ကိုေရာက္မွ သံုးလို႕ရမွာ။ ငါ
ကီက်င့္စဥ္ကို ဇင္တ်န္ အဆင့္ေရာက္ေအာင္ အရင္က်င့္မွ ရမယ္။ ”
နင္က ပစၥည္းအကုန္လံုးကို သူ႕ရဲ့ ေကေက်ာက္တံုးထဲ
သိမ္းဆည္းလိုက္ပါေတာ့တယ္။
…..
နင္ ပတ္၀န္းက်င္ အကုန္လံုးကို
ရွင္းထုတ္လိုက္ပါတယ္။ ဘိုင္အန္က်ားၾကီးနဲ႕ သံမဏိ သစ္ပင္ ဂ်န္ရဲ့ အေလာင္းကေတာ့
ျပာပံုျဖစ္သြားပါျပီ။ နင္ဟာ ေရအိုင္စပ္ေလးမွာ ထိုင္ျပီးေတာ့ တရားဆက္က်င့္ပါတယ္။ အခုဆိုရင္
ကီက်င့္စဥ္မွာ ဇင္တ်န္ အဆင့္ေရာက္ေအာင္က်င့္ဖို႕က ပိုျပီးလြယ္သြားမယ္ဆိုတာကို နင္
အာရံုရေနပါတယ္။
တိုက္ပြဲျပီးတဲ့ ေန႕ရဲ႕ ညအခ်ိန္မွာ..
ေရအိုင္စပ္ေလးမွာ နင္ဟာ ၾကာပန္းပံုသ႑ာန္
ထိုင္ေနဆဲပါပဲ။ သူ႕ခႏၶာကုိယ္ စြမ္းအင္ ဗဟို ေနရာမွာ ေျပာင္းလဲမႈေတြ ျဖစ္လာပါတယ္။
မူလ ကီ စြမ္းအင္အမွ်င္ေတြဟာ လည္ပတ္ သိပ္သည္းလာျပီးေတာ့
အရည္အျဖစ္ေျပာင္းလဲသြားပါတယ္။ ကီ ေရစက္
တစ္စက္ဟာ အခဲျဖစ္သြားျပီးေတာ့ နင္ရဲ့ ခႏၶာကိုယ္ဟာလည္း ျမဴေတြနဲ႕ လႊမ္းျခံဳလာပါတယ္။
“ဒါဆို ငါေနာက္တစ္ဆင့္ကို တိုးတက္ေအာင္ျမင္ေတာ့မွာေပါ့။”
နင္ျပံဳးလိုက္မိပါတယ္။ သူ႕ သေႏၶသား ဘ၀က
ေက်ာရိုးမၾကီးမွာ ဒဏ္ရာရရွိခဲ့တယ္။ သူသာ
ကီ က်င့္စဥ္နဲ႕ ဇင္တ်န္ ျဖစ္ေအာင္ ေလ့က်င့္ရင္ အရမ္းခက္ခဲမွာ။ ဒါေပမဲ့ အနီေရာင္
ေကာင္းကင္ ကိုးဆင့္ ဖင္းေဂါ့ က်င့္စဥ္ နဲ႕ ဇင္တ်န္ အဆင့္ေရာက္သြားခဲ့တဲ့အခါမွာေတာ့
သူ႕ ခႏၶာကုိယ္ဟာ ေနမီးေတာက္နဲ႕ လရဲ့ ေရခဲ
ေၾကာင့္ ဖင္းေဂါ့ ခႏၶာကိုယ္အေနနဲ႕ အသစ္ျပန္လည္ ေမြးဖြားလာခဲ့တယ္။ သူ႕
ခႏၶာကိုယ္တစ္ခုလံုး ေျပာင္းလဲသြားတဲ့ အတြက္ လူသားခႏၶာကို္ယ္ဟာလည္း ဖင္းေဂါ့
ခႏၶာကို္ယ္ ျဖစ္သြားခဲ့ျပီးေတာ့ အရင္က ဒဏ္ရာေတြဟာ လံုး၀ ေပ်ာက္ကြယ္သြားျပီး
ခႏၶာကိုယ္ အသစ္ ျပန္ျဖစ္လာခဲ့တယ္။
အခုဆိုရင္ နင္ရဲ့ ေသြးေၾကာဖြဲ႕စည္းပံုဟာ
အရမ္းကို ျပီးျပည့္စံုတဲ့အဆင့္ ေရာက္ခဲ့ျပီ။ သူ႕ အတြင္းအား လမ္းေၾကာင္းေတြဟာ
သာမာန္ ဇင္တ်န္ ကီက်င့္စဥ္ တန္ခိုးရွင္ေတြထက္ ပိုျပီးေတာ့ က်ယ္ျပန္႕လာခဲ့ျပီ။
ျပီးေတာ့ နင္ဟာ ဥာဏ္အလင္းပြင့္တာမွာ အဆင့္ေတာ္ေတ္ာျမင့္တဲ့ ေနရာကို ေရာက္ေနျပီ။
ဒါေၾကာင့္ သူ႕အတြက္ ေနာက္တဆင့္ကို တိုးတက္ေအာင္ျမင္ဖို႕ပဲ က်န္ေတာ့တယ္ေလ။
“သိုေလွာင္အိတ္ ရတနာ..”
နင္က လက္ေမာင္းကာကို ကိုင္ျပီးေတာ့ သူ႕ရဲ႕
ကီစြမ္းအားနဲ႕ ေပါင္းလိုက္တဲ့ အခါမွာ အလြယ္ေလး ေပါင္းလို႕ ရသြားပါတယ္။
“သိုေလွာင္အိတ္ ရတနာ နဲ႕ ေကေက်ာက္တံုးက ေတာ္ေတာ္ကို ကြာတာပဲ။”
နင္ အရမ္း ေပ်ာ္သြားပါတယ္။ ဒီ လက္ေမာင္းကာက
ေနရာလြတ္ အက်ယ္ၾကီး ပါပါတယ္။ ဒီ ကြက္လပ္ေနရာမွာေတာင္မွာ ၁၀ မီတာ ပတ္လည္ရွိတဲ့
အက်ယ္အ၀န္း ရွိပါတယ္။ ျပီးေတာ့ အထဲမွာ အ၀တ္အစားေတြ၊ စားစရာေတြ နဲ႕ ပစၥည္းအစံု
အျပည့္ထည့္ထားပါတယ္။
တန္ဖိုး အၾကီးဆံုး အရာေတြကေတာ့ တာအို တံဆိပ္ေတာ္ေတြပါပဲ။
အားလံုး ၈ ခု ရွိေနပါတယ္။ သံမဏိ သစ္ပင္ ဂ်န္က ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းခဲ့တဲ့
ရတနာေတြပါပဲ။ ဒီေန႕မွာ သူ ၃ခု အသံုး ျပဳခဲ့တာေတာင္မွ ေနာက္ဆံုးမွာ ေသခဲ့ရပါတယ္။
“ႏွေျမာဖို႕ ေကာင္းတာက ေမွာ္ရတနာေတြ မပါတာပဲ။”
နင္ ေခါင္းခါလိုက္ပါတယ္။ ေနာက္ဆံုးေတာ့ နင္ထင္သလိုပါပဲ။
ဇင္တ်န္ တန္ခိုးရွင္ေတြမွာ ေမွာ္ရတနာ ၂ ခု ၃ခု ရွိေနရင္ ေတာ္ေတာ္ကို ကံေကာင္းတဲ့
တန္ခိုးရွင္လို႕ ေျပာလို႕ရပါတယ္။
“ဒီ ေလးက မဆိုးဘူးပဲ။”
နင္က လက္ေ၀ွ႕ယမ္းလိုက္ျပီးေတာ့ သိုေလွာင္အိတ္
ရတနာထဲက ေလးတစ္ခုကို ဆြဲေခၚလိုက္ပါတယ္။
“ဒါ သံမဏိ သစ္ပင္ ဂ်န္ သံုးေနက် ေလးျဖစ္မယ္။
ဇင္တ်န္ အဆင့္ေရာက္လာျပီဆိုေတာ့ ငါလည္း ေလး ေကာင္းေကာင္း တစ္လက္ေလာက္ လိုလာျပီ။”
ဟူး..
နင္ ရဲ့ ဖင္းေဂါ့ ခႏၶာကိုယ္က ခြန္အားနည္းနည္း
ထုတ္လိုက္တာနဲ႕ ဒီ ေလးၾကီးကို သာသာယာယာ မလို႕ ပါလာပါတယ္။
“ေကာင္းတယ္။ လိမၼာတယ္။”
နင္ေလးၾကီးကို ေသခ်ာၾကည့္လိုက္တဲ့အခါမွာ စာလံုး
၂လံုးကို ေတြ႕လိုက္ပါတယ္။
“ဂ်ေယာင္..”
“ဂ်ေယာင္..”
နင္ ပေဟဠိ ျဖစ္သြားပါတယ္။
“ဒါက ေလးကို ျပဳလုပ္ခဲ့သူရဲ့ နာမည္ထင္တယ္။”
“ဒါက ေလးကို ျပဳလုပ္ခဲ့သူရဲ့ နာမည္ထင္တယ္။”
“ငါ အေနာက္ဘက္ ဂ်ိကလန္ ျမိဳ႕ေတာ္ကို ျပန္ေရာက္ရင္ ဒီ သစ္နက္ႏြယ္ၾကာပြတ္ကို တျခားေမွာ္ရတနာနဲ႕ လဲဦးမွပဲ။”
အကုန္လံုးကို ရရွိလာတဲ့ နင္က အရမ္းကို
ေပ်ာ္ေနပါတယ္။
“အရိုးကြဲေလာက္ေအာင္ အေအးဓာတ္ကို မခံစားရပဲနဲ႕ ႏွာေခါင္းမွာ ပန္းရနံ႕ ဘယ္လိုလုပ္ရမွာလည္း။ ေလးႏွစ္တိတိ ဓားသုိင္းေလ့က်င့္ခဲ့ရတယ္။ အခုေလ့က်င့္မႈေတြျပီးေတာ့ ငါ ကမာၻသစ္ကို ေရာက္ခဲ့ျပီ။ ဒါက ေနာက္ဆံုးေတာ့ ငါ့အတြက္ ႏွာေခါင္းမွာ ပန္းရနံ႕ ေလး ရလာသလိုပါပဲ။”
“အရိုးကြဲေလာက္ေအာင္ အေအးဓာတ္ကို မခံစားရပဲနဲ႕ ႏွာေခါင္းမွာ ပန္းရနံ႕ ဘယ္လိုလုပ္ရမွာလည္း။ ေလးႏွစ္တိတိ ဓားသုိင္းေလ့က်င့္ခဲ့ရတယ္။ အခုေလ့က်င့္မႈေတြျပီးေတာ့ ငါ ကမာၻသစ္ကို ေရာက္ခဲ့ျပီ။ ဒါက ေနာက္ဆံုးေတာ့ ငါ့အတြက္ ႏွာေခါင္းမွာ ပန္းရနံ႕ ေလး ရလာသလိုပါပဲ။”
အခုဆိုရင္ သူ ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ေကာ ကီ
က်င့္စဥ္မွာပါ ဇင္တ်န္အဆင့္ကို တိုးတက္ေအာင္ျမင္သြားပါျပီ။
သူ႕စိတ္၀ိဥာဥ္ဆိုရင္ နတ္ဘုရား စိတ္စြမ္းအင္
အဆင့္အထိကို ေရာက္ေနပါျပီ။
ျပီးေတာ့ ေရအိုင္ငယ္ေလးကေန တာအို အရိပ္အေရာင္ကုိ
ျမင္ေတြ႕ခဲ့တဲ့အတြက္ အရမ္းကို ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေရမီးၾကာပန္း အစြမ္းကို လည္း
ပိုင္ဆိုင္ခဲ့ျပီးပါျပီ။
“အိုး.. ဟုတ္သားပဲ.. ေမ့ေနတာ..ဒီမွာ..”
နင္ က အသက္၀၀ ရွဴလိုက္ျပီးေတာ့
စိတ္တည္ျငိမ္ေအာင္လုပ္လိုက္ပါတယ္။ ျပီးတာနဲ႕ ရုပ္တည္တည္နဲ႕ သူ႕အေမေပးခဲ့တဲ့
ဂ်ိကလန္ထဲကေတာင္ ဘယ္သူ႕ကိုမွ သင္ၾကားေပးခြင့္ မရွိတဲ့ သူ႕အေမပိုင္ တန္ဖိုးၾကီး
လွ်ိဳ႕၀ွက္ သိုင္း က်င့္စဥ္ စာအုပ္ကို ထုတ္ယူလိုက္ပါတယ္။ သူ႕အေမက သူဇင္တ်န္ တန္ခိုးရွင္
ျဖစ္တဲ့အခါမွ အသံုးျပဳခြင့္ ရွိတယ္လို႕ မွာၾကားထားခဲ့တဲ့ စာအုပ္ပါ။
နင္ စာအုပ္မွာ ရွိတဲ့ ေရႊစာအုပ္ အဖံုးမွာ
ေရးထားတဲ့ စာေလးလံုးကို ဖတ္ လိုက္ပါတယ္။
“ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း”
“ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း”
နင္ စာအုပ္ကို ဖြင့္ျပီးေတာ့ စတင္
ဖတ္ရႈလိုက္ပါေတာ့တယ္။
Chapter ၅ ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 6 အျပန္လမ္း၀ယ္
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr –
Panda
Dr – Panda ကို like
& follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 3
Chapter 5 ပန်းလေးတွေ ပွင့်လာပြီး ရနံ့ သင်းပျံ့ချိန်
သံမဏိ သစ်ပင် ဂျန် ကတော့ သူအတတ်နိုင်ဆုံး အမြန် နှုန်းနဲ့ ပြေးသွားတဲ့အတွက် အပြာရောင် ငွေ့တန်းသာ မြင်ရပါတော့တယ်။ ရုတ်တရက် သူ့ပြေးလမ်း အရှေ့မှာ ရှိနေတဲ့ သစ်ပင်ကြီး တစ်ပင်ဟာ ပြိုလဲသွားပြီးတော့ သူ့ပြေးလမ်းကို ပိတ်လိုက်ပါတော့တယ်။ တချို့ သစ်ပင်ကြီးတွေကတော့ လေထဲ ပျံတက်လာကြပြီးတော့ သူ့ဆီ ဦးတည် တိုးဝင်လာကြပါတယ်။
“ဘာ..ဘာဖြစ်တာလဲဟ”
သံမဏိ သစ်ပင် ဂျန် မျက်နှာမှာ သွေးရောင် မရှိတော့ပါဘူး။
သူ့လက်ထဲက အစွမ်းထက်လွန်းလှတဲ့ ကြာပွတ်ကြီးကို အကြိမ်များစွာ ဝှေ့ယမ်းလိုက်ပါတယ်။ ကြာပွတ်အလင်းတန်းတွေ ဖြာထွက်လာပြီးတော့ သူ့ဆီကို ပျံဝဲ၀င်ရောက်လာတဲ့ သစ်ပင်ကြီးတွေ အပိုင်းပိုင်း ပြတ်ကုန်ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ အမြန်နှုန်းလည်း တော်တော် ကျသွားခဲ့ပါတယ်။
“ဟူး..ဟူး..”
အရပ် မျက်နှာ မျိုးစုံကနေပြီးတော့ သစ်ပင် ကြီးတွေ သစ်ကိုင်း အပိုင်းအစတွေ အပြင် ကျောက်တုံးတွေ နဲ့ မြေကြီးခဲတွေပါ သူ့ဆီကို တိုးဝင်လာပြန်ပါတယ်။
“fuk.. ဘာဖြစ်တာလဲဟ..”
ဂျန် အလွန်အမင်းကို ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။
“ဘာလို့ ဒီကျောက်တုံးတွေ မြေကြီးခဲတွေ သစ်ပင် သစ်ကိုင်းတွေက ငါ့ဆီကို ပျံဝင်လာကြရတာလည်း။”
ဂျန် ဒီလို အကြောင်းအရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ဇီဖူ တန်ခိုးရှင်တွေတောင်မှ သူတို့ရဲ့ မှော်ရတနာပေါ်မှာ မတ်တပ်ရပ်ပြီးပဲ တော့ မှော်ရတနာတွေကို အမိန့်ပေး ပျံသန်းနိုင်ကြပါတယ်။ ဒါပေမဲ့ သာမာန် အရာဝတ္ထုတွေကို ပျံသန်းသွားစေဖို့ဆိုတာကတော့ ဇီဖူတန်ခိုးရှင်တွေတောင်မှ မစွမ်းဆောင်နိုင်ပါဘူး။
မရေမတွက်နိုင်တဲ့ ကျောက်တုံးကျောက်ခဲတွေ သစ်ပင် အပိုင်းအစတွေဟာ ဂျန်ရဲ့ ပြေးနှုန်းကို တော်တော် ကျသွားစေခဲ့ပါတယ်။
“သံမဏိ သစ်ပင် ဂျန် မင်း ပြေးလို့ မလွတ်ပါဘူး။”
အနောက်ကနေ အလင်းတန်းသဖွယ် ပြေးလိုက်လာတဲ့ ဂျိနင်က အော်ပြောလိုက်ပါတယ်။
“မင်း.. မင်းက ဒါတွေကို ဘယ်လိုလုပ်လိုက်တာလည်း။”
ဂျန် က သစ်ပင်ကြီးတွေကို ရိုက်ချလိုက်ပြီးတော့ ဆက်ပြေးဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ ကျောက်တုံးကျောက်ခဲတွေ မြေကြီးခဲတွေ သစ်ပင်အပိုင်းအစတွေက မရေမတွက်နိုင်အောင် ဝန်းရံထားတဲ့အတွက် သူ မြန်မြန်ပြေးလို့ မရဖြစ်နေပါတယ်။
ဂျိနင်က ပြုံးပြလိုက်ပါတယ်။
အမှန်ပါပဲ။
ဒီလိုဖြစ်အောင် သူလုပ်လိုက်တာပါ။ ဂျန်က ခန္ဓာပေါ့ပါး တံဆိပ်တော် နဲ့ နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော် ကို သုံးလိုက်တဲ့အချိန်မှာ မိုးပေါ်ပျံသန်းတာလောက်နီးနီးကို မြန်သွားပါတယ်။ ဒီလို စိုးရိမ်စရာ အခြေအနေမှာ သူ့ရဲ့ အစွမ်းထက်လွန်းလှတဲ့ စိတ်ရဲ့ အတွေးဟာ ရေကန်လေးထဲက ရေတွေနဲ့ မြေပြင်ကို လှုပ်ခါသွားစေခဲ့တာကို သတိထားမိသွားပါတယ်။
သူ့ရဲ့ စိတ်အတွေးဟာ မမြင်ရတဲ့ လက်တစ်ဖက်လိုပါပဲ။ အနီးမှာ ရှိတဲ့ မြေကြီးတွေ သစ်ပင်တွေနဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်နိုင်နေပါတယ်။
“နတ်ဘုရား စိတ်စွမ်းအင်။။”
နင် အရမ်းကို ပျော်ရွှင်သွားပါတယ်။
စိတ်ဝိဉာဉ်ဟာ အစွမ်းထက်လွန်းလာတဲ့အခါမှာ ထူးခြား အံ့သြဖွယ်ရာတွေကိုပါ ရရှိလာပါတယ်။
သာမာန်ပြောရရင်တော့ ဇီဖူ တန်ခိုးရှင်တွေဟာ သူတို့ရဲ့ စိတ်ကို ၂ပိုင်း ခွဲလာနိုင်ပါတယ်။
ဝမ်ရှင်း သူတော်စင်တွေကတော့ နတ်ဘုရား စိတ်စွမ်းအင်ကို သုံးလာနိုင်ပါတယ်။
မူလအစ တာအို တန်ခိုးရှင်တွေကတော့ ကောင်းကင် မျက်စိကို ဖွင့်လာနိုင်ပြီးတော့ သူတို့ရဲ့ နတ်ဘုရား စိတ်အာရုံကို အသုံးပြုလာနိုင်ပါတယ်။
ပုံရိပ်ဖော် ကျင့်စဉ်တွေဟာ အရမ်းကို ရှားပါးပြီးတော့ ထူးခြားလွန်းပါတယ်။ ဂျိကလန်မှာဆိုရင် ဘယ်သူမှ ပုံရိပ်ဖော် ကျင့်စဉ် အကြောင်းကို မသိကြပါဘူး။ သူတို့တွေ လေ့ကျင့်ကြတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ပထမဆုံး တာအို တရား ကျင့်ကြံကြပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို အရင် လေ့ကျင့် ကြပါတယ်။ နောက်မှ စိတ်ဝိဉာဉ်ကို လေ့ကျင့်တာပါ။ ဂျိနင်ကတော့ နုဝါရဲ့ ကျင့်စဉ်အတိုင်း ကျင့်လို့ အတိုင်းအတာတစ်ခုအထိ ရောက်နေပါပြီ။ ဟို တညက တာအိုဉာဏ်အလင်းရရှိခဲံ့တာဟာ သူ့ဝိဉာဉ်အတွက် အလွန် အဖိုးတန်တဲ့ အချက်တစ်ချက်ပါပဲ။
တာအိုကို နားလည်ပြီးတဲ့အခါမှာ မီးနဲ့ရေဟာ ကောင်းကင်ကနေပြီးတော့ ဆင်းသက်လာခဲ့ပြီး ဖင်းဂေါ့ ခန္ဓာကိုယ် မွေးဖွားလာပါတယ်။ ခန္ဓာကိုယ်ဟာ ပိုပြီးတော့ အစွမ်းထက်လာတဲ့အခါမှာ ဝိဉာဉ်ကလည်း အစွမ်းတွေ တိုးလာပါတယ်။
နင် ဟာ မသိလိုက်ပဲနဲ့ နတ်ဘုရား စိတ်စွမ်းအင်ကို သုံးနိုင်တဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။ သူ သံမဏိ ဂျန် ထွက်ပြေးတဲ့ အချိန်အထိကို မသိသေးပါဘူး။ နင်ဟာအသည်းအသန် လိုက်ဖမ်းဖို့အတွက် သူ့မသိစိတ် စိတ်စွမ်းအင်နဲ့ မြေပြင် နဲ့ ရေပြင်ကို တုန်လှုပ်သွားစေတော့မှ သူ သတိထားမိသွားပါတယ်။
“မင်းပြေးလို့ မလွတ်တော့ပါဘူး။”
နင်က သူကရဲ့ နတ်ဘုရား စိတ်စွမ်းအင် နဲ့ အနီးဝန်းကျင်က အရာဝတ္ထုတွေကို ထိန်းချုပ်ပြီးတော့ သံမဏိ သစ်ပင်ဂျန်ကို ဝိုင်းရံထားလိုက်ပါတော့တယ်။
….
“ဒါ..ဒါ.. ဒီလိုဖြစ်ရတာက ဒီကောင်လေးကြောင့် မဟုတ်ပဲ တခြား ကြောက်ဖို့ကောင်းလောက်အောင် အစွမ်းထက်တဲ့ တန်ခိုးရှင်တစ်ယောက်များ ရောက်နေလို့လား။ အဲ့ဒီ တန်ခိုးရှင်က ဒီကလေးရဲ့ ပါရမီကို သတိထားမိသွားပြီးတော့ သူ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာများလား။”
သူ ထွက်မပြေးနိုင်တော့ပဲ အစွမ်းကုန် ခုခံတိုက်ခိုက်နေပါတယ်။ အရမ်း လည်း တုန်လှုပ်ကြောက်ရွံ့နေပါတယ်။
“ရေမီး ကြာပန်း”
နင်က သူ့ကို အာရုံ စိုက်လိုက်ပါတယ်။
မီးကြာပန်းကြီးက သံမဏိသစ်ပင် ဂျန်ရဲ့ အပေါ်မှာ ပေါ်လာပြီးတော့ ရေကြာပန်းက သူ့ရဲ့ အောက်ဘက်မှာ ပေါ်လာပါတယ်။ တချိန်တည်းမှာ ဒီကြာပန်း ၂ခုက တဖြည်းဖြည်း ဆန့်ကျင်ဘက် ကို လည်ပတ်လာပါတယ်။
“ဘယ်ဆရာကြီး ရောက်နေလည်းဆိုတာ ကျွန်တော် တကယ် မသိတာပါ။”
သံမဏိ သစ်ပင် ဂျန် အော်ဟစ်လိုက်ပြီးတော့ လက်ထဲမှာ တာအိုတံဆိပ်တော်တခုကို ဖော်ပြထားလိုက်ပါတယ်။ ဒီ တာအို တံဆိပ်တော်က စိန်တုံး ပုံရိပ်အသွင် ထွက်လာပြီးတော့ သူ့ခန္ဓာကိုယ်နဲ့ ပေါင်းသွားပါတယ်။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတွေ ထွက်လာပါတော့တယ်။
“ကျွန်တော်မျိုးက သံမဏိ သစ်ပင် ကလန်က တပည့်လေးတစ်ယောက်ပါ။ ပြီးတော့ နှင်းနဂါး တောင် နဲ့လည်း မိတ်ဆွေကောင်းတစ်ယောက်ပါခင်ဗျာ။”
“အားစိုက်မနေစမ်းပါနဲ့”
နင်က အနီးကို ရောက်လာပါပြီ။
“ဂျိကလန်က ကောင်လေး..”
သံမဏိ သစ်ပင် ဂျန်ရဲ့ ခန္ဓာကိုယ်ဟာ တုန်လှုပ်နေပါတယ်။ သူ့လက်ထဲက သစ်နက်နွယ်ကြာပွတ် နဲ့ ရက်ရက်စက်စက် နင်ဆီကို ရိုက်ချလိုက်ပြီးတော့ ဖမ်းဆီးဖို့ ကြိုးစားလိုက်ပါတယ်။
နင်ကတော့ လက်ထဲမှာ ဓား ၂ လက်ကို ကိုင်ထားပါတယ်။ သူက မိုးကြိုးတမျှ မြန်လွန်းပါတယ်။
“ချွင်”
သူ့ ဘယ်ဘက်လက်ထဲက ဒက်နော့ ဓားဟာ ရေပက်မဝင် သိုင်းကွက်ကို အသုံးပြုလိုက်ပါတယ်။ ဓားနဲ့ သစ်နက်နွယ်ကြာပန်းဟာ ထိတွေ့သွားတဲ့အခါမှာ ကြာပွတ်က ဓားကို ရစ်ပတ်သွားပါတယ်။ ဒါပေမဲ့ နင်က သူ့ ဘယ်လက်ထဲက ဓားကို အကြိမ် အများကြီး လှည့်လိုက်ပါတယ်။ နောက်ဆုံတော့ နင်ရဲ့ ဓားက ကြာပွတ်ကို ဆွဲယူလိုက်နိုင်ပါတယ်။
“ရွှင်…”
နင်ရဲ့ ညာဘက်လက်က ပိြုပီးတော့ မြန်ဆန်ပါတယ်။
“ပျက်စမ်း..”
ဂျန်က သူ့ရဲ့ သစ်နက်နွယ် ကြာပွတ်ကို အသည်းအသန်း ပြန်ဆွဲယူပေမဲ့ မရခဲ့ပါဘူး။
“ငါ ဒီမှာ သေလို့ မဖြစ်ဘူး။ ဂျိကလန်က ကောင်လေးရဲ့ လက်ထဲမှာ ငါသေလို့ မဖြစ်ဘူး။”
သူ သေရတော့မဲ့ ငွေ့အသက်ကို ရလာတဲ့အတွက် သံမဏိ သစ်ပင် ဂျန် ဆောက်တည်ရာမရ ဖြစ်လာပါတယ်။ သူ့လက်ထဲက ကြာပွတ်ကို လွှတ်လိုက်ပါတယ်။
ပြီးတာနဲ့ နောက်လှည့်ပြီး ဆက်ပြေးပါတော့တယ်။
“ဖန်း”
ရေနဲ့ မီး ကြာပန်းတွေရဲ့ ကြိတ်ခြေခြင်းကို ခံရတဲ့အတွက် သူ့ ခန္ဓာကိုယ်က ရွှေရောင်အလင်းတွေဟာ အက်ကြောင်းတွေ ပေါ်လာပြီးတော့ ပျောက်ကွယ်သွားပါတော့တယ်။
“အား..”
သံမဏိ သစ်ပင် ဂျန်ရဲ့ အဝတ်အစားတွေဟာ ရေမီး ကြာပန်းတွေကြောင့် အမှုန်တွေဖြစ်သွားပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်လာပြီးတော့ တကိုယ်လုံး တဖြည်းဖြည်း မည်းနက်သွားပါတော့တယ်။ သူ့ရဲ့ နာကျင်စွာ အော်ဟစ်သံက ပဲ့တင်ထပ်ကျန်ခဲ့ပါတယ်။
“ရွှစ်”
မိုးရေစက် တစ်စက်က သံမဏိ သစ်ပင်ဂျန်ရဲ့ ဦးခေါင်းကို ထိုးဖောက်သွားပါတယ်။
ရေနဲ့ မီး ကြာပန်းကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပါပြီ။ နင်က သူ့ဓားကို သိမ်းလိုက်ပြီးတော့ မဲတူးနေတဲ့ ဂျန်ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေမိပါတယ်။
သံမဏိ သစ်ပင် ဂျန်ရဲ့ မျက်လုံးတေါဟယ ပြူးကျယ်နေပါတယ်။ သူ့မျက်ခုံးမွှေးတွေ မရှိတော့ပါဘူး။ ဦးခေါင်းမှာတော့ သွေးတွေ ကျနေတဲ့ အပေါက်လေးတစ်ပေါက် ရှိနေပါတယ်။ သူ့ မျက်ဝန်းဟာ မယုံကြည်နိုင်မှုတွေ ဒေါသတွေ နဲ့ ပြည့်နေပါတယ်။ သူ ဒီကောင်လေးရဲ့ လက်ထဲမှာ သေရလိမ့်မယ်လို့ မထင်ထားမိတာပါ။ သူ့ရင်ထဲမှာ သူ့ကို တားဆီးလိုက်တဲ့ တန်ခိုးရှင်ကို ပိုပြီးတော့ မုန်းတီးနေပါတယ်။ အဲ့ဒီ တန်ခိုးရှင်ကြီးကြောင့်သာ မဟုတ်ရင် သူပြေးလို့ လွတ်မှာပါ။
“အင်မော်တယ် ကျင့်ကြံသူ…”
နင် နှလုံးသားထဲထိ ပျော်ရွှင်နေပါတယ်။
နောက်ဆုံးတော့
သူ ဇင်တျန် တန်ခိုးရှင် ဖြစ်ခဲ့ပြီ။
ကမ္ဘာတလွှား ကျော်ကြားလှတဲ့ သံမဏိ သစ်ပင် ဂျန်တောင် သူ့ကြောင့် အသက် ဆုံးရှူံးခဲ့ရပြီ။
“ငါ မော်တယ် လူသား ကမ္ဘာမှာ ပြန်မွေးဖွားလာခဲ့ပေမဲ့.. ငါ့ရဲ့ ကြိုးစားမှုကြောင့် ဇင်တျန် တန်ခိုးရှင် ဖြစ်ခဲ့ပြီ။ ဒါ ငါ ဂျိနင် ရဲ့ စတင် လျှောက်လှမ်းတဲ့ မှတ်တိုင်ပဲ။ ငါ့ ရဲ့ လမ်းကြောင်းပဲ။”
အရင်ဘဝက အတွေ့ အကြုံတွေဟာလည်း ရှိနေပါတယ်။
ဒီ အတွေ့အကြုံတွေက နင်ရဲ့ နှလုံးသားကို ပိုပို ပြီးတော့ သန်စွမ်းလာအောင် တွန်းအားပေးနေပါတယ်။ သူ့ရဲ့ ကံကြမ္မာကို သူဖန်တီးနိုင်ဖို့။ ဘယ်သူမှ သူ့ကံကြမ္မာကို မထိန်းချုပ်ပဲ သူသာလျှင် ထိန်းချုပ်နိုင်သူ ဖြစ်ရမယ်။
“ဒါတွေအားလုံးက အစပါပဲ။”
နင်ဟာ ဂျန် ရဲ့ အလောင်းဆီကို တစ်လှမ်းချင်း လျှောက်လာပါတယ်။ သူ့ရဲ့အတွေးနဲ့ ဂျန် ရဲ့အလောင်းကို မီးတောက်တွေ ဝါးမျိုသွားပြီးတော့ သံချပ်ကာနဲ့ ကြာပွတ်ပဲ ကျန်ရစ်ခဲ့ပါတော့တယ်။
“အင်း..”
သူ့လက်ထဲကို ပစ္စည်း ၂ခုလုံး ပျံသန်းရောက်ရှိလာပါတယ်။
“အိုးး.. ဒီ လက်မောင်း ကာ က သိုလှောင် အိတ် ရတနာတမျိုးပဲ။ ဒီ သစ်နက်နွယ် ကြာပွတ်ကလည်း မှော်ရတနာပဲ။”
“အင်း..”
နင် ပြန်သွားပါတယ်။
သူ ရေကန်လေးနား ပြန်သွားပြီးတော့ ယင်ယန် ဝင်္ဂဘာဖော်မေးရှင် အလံတိုင် ၈ခုကို စုဆောင်းလိုက်ပါတယ်။ ဒိ အလံတိုင်တွေရဲ့ အလံရွက်က အရမ်းကို နက်မှောင်နေပြီးတော့ စွမ်းအားတစ်မျိုး ထုတ်လွှင့်နေပါတယ်။
“မှော်ရတနာတွေ နဲ့ တာအို တံဆိပ်တော်တွေ။ အကုန် လုံးက အနည်းဆုံး ကီကျင့်စဉ်မှာ ဇင်တျန်အဆင့်ကိုရောက်မှ သုံးလို့ရမှာ။ ငါ ကီကျင့်စဉ်ကို ဇင်တျန် အဆင့်ရောက်အောင် အရင်ကျင့်မှ ရမယ်။ ”
နင်က ပစ္စည်းအကုန်လုံးကို သူ့ရဲ့ ကေကျောက်တုံးထဲ သိမ်းဆည်းလိုက်ပါတော့တယ်။
…..
နင် ပတ်ဝန်းကျင် အကုန်လုံးကို ရှင်းထုတ်လိုက်ပါတယ်။ ဘိုင်အန်ကျားကြီးနဲ့ သံမဏိ သစ်ပင် ဂျန်ရဲ့ အလောင်းကတော့ ပြာပုံဖြစ်သွားပါပြီ။ နင်ဟာ ရေအိုင်စပ်လေးမှာ ထိုင်ပြီးတော့ တရားဆက်ကျင့်ပါတယ်။ အခုဆိုရင် ကီကျင့်စဉ်မှာ ဇင်တျန် အဆင့်ရောက်အောင်ကျင့်ဖို့က ပိုပြီးလွယ်သွားမယ်ဆိုတာကို နင် အာရုံရနေပါတယ်။
တိုက်ပွဲပြီးတဲ့ နေ့ရဲ့ ညအချိန်မှာ..
ရေအိုင်စပ်လေးမှာ နင်ဟာ ကြာပန်းပုံသဏ္ဍာန် ထိုင်နေဆဲပါပဲ။ သူ့ခန္ဓာကိုယ် စွမ်းအင် ဗဟို နေရာမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ မူလ ကီ စွမ်းအင်အမျှင်တွေဟာ လည်ပတ် သိပ်သည်းလာပြီးတော့ အရည်အဖြစ်ပြောင်းလဲသွားပါတယ်။ ကီ ရေစက် တစ်စက်ဟာ အခဲဖြစ်သွားပြီးတော့ နင်ရဲ့ ခန္ဓာကိုယ်ဟာလည်း မြူတွေနဲ့ လွှမ်းခြုံလာပါတယ်။
“ဒါဆို ငါနောက်တစ်ဆင့်ကို တိုးတက်အောင်မြင်တော့မှာပေါ့။”
နင်ပြုံးလိုက်မိပါတယ်။ သူ့ သန္ဓေသား ဘဝက ကျောရိုးမကြီးမှာ ဒဏ်ရာရရှိခဲ့တယ်။ သူသာ ကီ ကျင့်စဉ်နဲ့ ဇင်တျန် ဖြစ်အောင် လေ့ကျင့်ရင် အရမ်းခက်ခဲမှာ။ ဒါပေမဲ့ အနီရောင် ကောင်းကင် ကိုးဆင့် ဖင်းဂေါ့ ကျင့်စဉ် နဲ့ ဇင်တျန် အဆင့်ရောက်သွားခဲ့တဲ့အခါမှာတော့ သူ့ ခန္ဓာကိုယ်ဟာ နေမီးတောက်နဲ့ လရဲ့ ရေခဲ ကြောင့် ဖင်းဂေါ့ ခန္ဓာကိုယ်အနေနဲ့ အသစ်ပြန်လည် မွေးဖွားလာခဲ့တယ်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားတဲ့ အတွက် လူသားခန္ဓာကိုယ်ဟာလည်း ဖင်းဂေါ့ ခန္ဓာကိုယ် ဖြစ်သွားခဲ့ပြီးတော့ အရင်က ဒဏ်ရာတွေဟာ လုံး၀ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ် အသစ် ပြန်ဖြစ်လာခဲ့တယ်။
အခုဆိုရင် နင်ရဲ့ သွေးကြောဖွဲ့စည်းပုံဟာ အရမ်းကို ပြီးပြည့်စုံတဲ့အဆင့် ရောက်ခဲ့ပြီ။ သူ့ အတွင်းအား လမ်းကြောင်းတွေဟာ သာမာန် ဇင်တျန် ကီကျင့်စဉ် တန်ခိုးရှင်တွေထက် ပိုပြီးတော့ ကျယ်ပြန့်လာခဲ့ပြီ။ ပြီးတော့ နင်ဟာ ဉာဏ်အလင်းပွင့်တာမှာ အဆင့်တော်တေ်ာမြင့်တဲ့ နေရာကို ရောက်နေပြီ။ ဒါကြောင့် သူ့အတွက် နောက်တဆင့်ကို တိုးတက်အောင်မြင်ဖို့ပဲ ကျန်တော့တယ်လေ။
“သိုလှောင်အိတ် ရတနာ..”
နင်က လက်မောင်းကာကို ကိုင်ပြီးတော့ သူ့ရဲ့ ကီစွမ်းအားနဲ့ ပေါင်းလိုက်တဲ့ အခါမှာ အလွယ်လေး ပေါင်းလို့ ရသွားပါတယ်။
“သိုလှောင်အိတ် ရတနာ နဲ့ ကေကျောက်တုံးက တော်တော်ကို ကွာတာပဲ။”
နင် အရမ်း ပျော်သွားပါတယ်။ ဒီ လက်မောင်းကာက နေရာလွတ် အကျယ်ကြီး ပါပါတယ်။ ဒီ ကွက်လပ်နေရာမှာတောင်မှာ ၁၀ မီတာ ပတ်လည်ရှိတဲ့ အကျယ်အဝန်း ရှိပါတယ်။ ပြီးတော့ အထဲမှာ အဝတ်အစားတွေ၊ စားစရာတွေ နဲ့ ပစ္စည်းအစုံ အပြည့်ထည့်ထားပါတယ်။
တန်ဖိုး အကြီးဆုံး အရာတွေကတော့ တာအို တံဆိပ်တော်တွေပါပဲ။ အားလုံး ၈ ခု ရှိနေပါတယ်။ သံမဏိ သစ်ပင် ဂျန်က နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ရတနာတွေပါပဲ။ ဒီနေ့မှာ သူ ၃ခု အသုံး ပြုခဲ့တာတောင်မှ နောက်ဆုံးမှာ သေခဲ့ရပါတယ်။
“နှမြောဖို့ ကောင်းတာက မှော်ရတနာတွေ မပါတာပဲ။”
နင် ခေါင်းခါလိုက်ပါတယ်။ နောက်ဆုံးတော့ နင်ထင်သလိုပါပဲ။ ဇင်တျန် တန်ခိုးရှင်တွေမှာ မှော်ရတနာ ၂ ခု ၃ခု ရှိနေရင် တော်တော်ကို ကံကောင်းတဲ့ တန်ခိုးရှင်လို့ ပြောလို့ရပါတယ်။
“ဒီ လေးက မဆိုးဘူးပဲ။”
နင်က လက်ဝှေ့ယမ်းလိုက်ပြီးတော့ သိုလှောင်အိတ် ရတနာထဲက လေးတစ်ခုကို ဆွဲခေါ်လိုက်ပါတယ်။
“ဒါ သံမဏိ သစ်ပင် ဂျန် သုံးနေကျ လေးဖြစ်မယ်။ ဇင်တျန် အဆင့်ရောက်လာပြီဆိုတော့ ငါလည်း လေး ကောင်းကောင်း တစ်လက်လောက် လိုလာပြီ။”
ဟူး..
နင် ရဲ့ ဖင်းဂေါ့ ခန္ဓာကိုယ်က ခွန်အားနည်းနည်း ထုတ်လိုက်တာနဲ့ ဒီ လေးကြီးကို သာသာယာယာ မလို့ ပါလာပါတယ်။
“ကောင်းတယ်။ လိမ္မာတယ်။”
နင်လေးကြီးကို သေချာကြည့်လိုက်တဲ့အခါမှာ စာလုံး ၂လုံးကို တွေ့လိုက်ပါတယ်။
“ဂျယောင်..”
နင် ပဟေဠိ ဖြစ်သွားပါတယ်။
“ဒါက လေးကို ပြုလုပ်ခဲ့သူရဲ့ နာမည်ထင်တယ်။”
“ငါ အနောက်ဘက် ဂျိကလန် မြို့တော်ကို ပြန်ရောက်ရင် ဒီ သစ်နက်နွယ်ကြာပွတ်ကို တခြားမှော်ရတနာနဲ့ လဲဦးမှပဲ။”
အကုန်လုံးကို ရရှိလာတဲ့ နင်က အရမ်းကို ပျော်နေပါတယ်။
“အရိုးကွဲလောက်အောင် အအေးဓာတ်ကို မခံစားရပဲနဲ့ နှာခေါင်းမှာ ပန်းရနံ့ ဘယ်လိုလုပ်ရမှာလည်း။ လေးနှစ်တိတိ ဓားသိုင်းလေ့ကျင့်ခဲ့ရတယ်။ အခုလေ့ကျင့်မှုတွေပြီးတော့ ငါ ကမ္ဘာသစ်ကို ရောက်ခဲ့ပြီ။ ဒါက နောက်ဆုံးတော့ ငါ့အတွက် နှာခေါင်းမှာ ပန်းရနံ့ လေး ရလာသလိုပါပဲ။”
အခုဆိုရင် သူ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကော ကီ ကျင့်စဉ်မှာပါ ဇင်တျန်အဆင့်ကို တိုးတက်အောင်မြင်သွားပါပြီ။
သူ့စိတ်ဝိဉာဉ်ဆိုရင် နတ်ဘုရား စိတ်စွမ်းအင် အဆင့်အထိကို ရောက်နေပါပြီ။
ပြီးတော့ ရေအိုင်ငယ်လေးကနေ တာအို အရိပ်အရောင်ကို မြင်တွေ့ခဲ့တဲ့အတွက် အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရေမီးကြာပန်း အစွမ်းကို လည်း ပိုင်ဆိုင်ခဲ့ပြီးပါပြီ။
“အိုး.. ဟုတ်သားပဲ.. မေ့နေတာ..ဒီမှာ..”
နင် က အသက်၀၀ ရှူလိုက်ပြီးတော့ စိတ်တည်ငြိမ်အောင်လုပ်လိုက်ပါတယ်။ ပြီးတာနဲ့ ရုပ်တည်တည်နဲ့ သူ့အမေပေးခဲ့တဲ့ ဂျိကလန်ထဲကတောင် ဘယ်သူ့ကိုမှ သင်ကြားပေးခွင့် မရှိတဲ့ သူ့အမေပိုင် တန်ဖိုးကြီး လျှို့ဝှက် သိုင်း ကျင့်စဉ် စာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ သူ့အမေက သူဇင်တျန် တန်ခိုးရှင် ဖြစ်တဲ့အခါမှ အသုံးပြုခွင့် ရှိတယ်လို့ မှာကြားထားခဲ့တဲ့ စာအုပ်ပါ။
နင် စာအုပ်မှာ ရှိတဲ့ ရွှေစာအုပ် အဖုံးမှာ ရေးထားတဲ့ စာလေးလုံးကို ဖတ် လိုက်ပါတယ်။
“လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း”
နင် စာအုပ်ကို ဖွင့်ပြီးတော့ စတင် ဖတ်ရှုလိုက်ပါတော့တယ်။
Chapter ၅ ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Chapter 6 အပြန်လမ်းဝယ်
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment