ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 13 Serpentwing သားရဲဂူ


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 13 Serpentwing သားရဲဂူ

နင္က ေရမ်က္ႏွာျပင္ေပၚမွာ မတ္တပ္ရပ္ျပီးေတာ့ အနီးအနားကို ေလ့လာလိုက္ပါတယ္။

အရာရာတိုင္းဟာ တိတ္ဆိတ္လို႕ ေနပါတယ္။ ေလျပည္ေလးတိုက္ေနျပီးေတာ့ လႈိင္းၾကက္ခြပ္ေလးေတြ ေရျပင္မွာ ေဆာ့ကစား ေနၾကပါတယ္။

“Serpentwing ငါထင္တာက္ေတာင္ ပိုျပီးေတာ့ သတိၾကီးေနတယ္။ သူ႕အမုန္းဆံုး ရန္သူေတာ္ ေရာက္လာတာေတာင္မွ သူ ေရနက္ထဲကေန မထြက္လာဘူး။”
နင္ မ်က္ေမွာင္ၾကဳတ္လိုက္ပါတယ္။

Serpentwingကို ေရထဲကေန မွ်ားေခၚဖို႕က ေတာ္ေတာ္ကို ခက္ေနပါျပီ။

ေျပာရရင္ ဂ်ိကလန္ ေဒသၾကီး ၅ခုလံုး စုေပါင္းျပီးေတာ့ေတာင္ Serpentwing ကို ဘာမွ မလုပ္လိုက္ႏိုင္တာ။ ဂ်ိနင္ ဇင္တ်န္ အဆင့္ေရာက္သြားတာ လွ်ိဳ႕၀ွက္ခ်က္တစ္ခု ျဖစ္ျပီးေတာ့ သိတဲ့လူ နည္းပါတယ္။ Serpentwing လည္း မသိႏိုင္ပါဘူး။ Serpentwing မ်က္လံုးထဲမွာေတာ့ နင္က ကိုယ္ေဖာ့သိုင္း အဆင့္ျမင့္တဲ့ ၁၁ ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္ထက္ မပိုပါဘူး။ ဒါေပမဲ့လည္း Serpentwingက သူ႕ ေဒါသစိတ္ကို ထိန္းခ်ဳပ္ထားႏို္င္ေနပါတယ္။

“ဟင္..”

အေ၀းတစ္ေနရာ ေရထဲကေန ဦးေခါင္းတစ္ခု ျပဴတစ္ျပဴတစ္ ျဖစ္ေနတာ သတိထားမိသြားပါတယ္။

“မြန္းစတားေလးပါလား။”

နင္ လက္ထဲမွာ သံမဏိ သစ္ပင္ ဂ်န္ဆီကေန ရလာတဲ့ ေလးနဲ႕ ျမား၄ေခ်ာင္း ေပၚလာပါတယ္။ သူခ်က္ျခင္းပဲ ျမွား နဲ႕ ပစ္လိုက္ပါတယ္။

ရႊစ္..ရႊစ္..ရႊစ္..ရႊစ္..

မြန္းစတားေလးက ျမား ၄ေခ်ာင္းကို ျမင္တာနဲ႕ ေၾကာက္လန္႕တၾကား ေရေအာက္ကို ငုပ္သြားပါတယ္။ ဒါေပမဲ့ နင္ရဲ့ ျမားခ်က္ အရမး္ကို ျမန္လြန္းတဲ့အတြက္ ေအာ္ဟစ္ညည္းညဴသံ ထြက္လာျပီးေတာ့ ေရထဲမွာ ေသြးအိုင္ သြားပါေတာ့တယ္။ တျခား မြန္းစတားေလးေတြလည္း ေၾကာက္လန္႕တၾကား ေရငုပ္ ပုန္းကြယ္သြားၾကပါေတာ့တယ္။

“Serpentwing”
လက္ထဲမွာ ေလးၾကီးကို ကိုင္ထားလ်က္နဲ႕ နင္က ေအာ္ေျပာလိုက္ပါတယ္။
“မင္းလို မိစာၦၾကီးက တပည့္ေလးေတြပဲ လႊတ္ျပီးေတာ့ ကိုယ္တိုင္က ပုန္းကြယ္ေနလိမ့္မယ္လို႕ မထင္ထားမိဘူး။ ငါမင္းကို ေတာ္ေတာ္ အထင္ေသးသြားျပီ။”

“ဂ်ိနင္”
ေၾကာက္မက္ဖြယ္ အသံနက္ၾကီးက ေရနက္ထဲကေန ထြက္ေပၚလာပါတယ္။

နင္ အရမ္းေပ်ာ္သြားပါတယ္။ ေနာက္ဆံုးေတာ့ Serpentwing စကားေျပာျပီေလ။

“မင္း ဒီိလိုိဥာဏ္နီ ဥာဏ္နက္ သံုးျပီးေတာ့ ငါ့ကို အႏိုင္ရမယ္ မထင္နဲ႕။ မင္းအေဖနဲ႕ တျခားလူုေတြ ငါ့ကို ေစာင့္ေနတယ္ဆိုတာ ငါမသိဘူး ထင္ေနလား။ မင္းလို ဟိုတ်န္အဆင့္ ကေလးေပါက္စက ငါ့ဆီကို ဘယ္လိုလုပ္ အသက္စြန္႕ လာ၀ံ့မွာတုန္း။”

“ဟား..ဟား..ဟား.. ဟိုတ်န္..”
နင္ ရယ္ေမာလိုက္ပါတယ္။ သူ႕တစ္ကိုယ္လံုးက အလင္းေရာင္ေတြ ျဖာထြက္လာျပီးေတာ့ သူ႕လက္ေခ်ာင္းေတြကေန ဓားအလင္းတန္း တစ္ခ်က္ ကလက္သြားျပီး ေရနက္ထဲကို ထိုးေဖာက္၀င္ေရာက္သြားပါတယ္။
“မင္းရဲ့ ေျမြမ်က္လံုးကို ဖြင့္ျပီးေတာ့ ၾကည့္ၾကည့္စမ္းပါ။”

ရႊစ္..
ေရနက္ထဲကို တိုး၀င္သြားတဲ့ ဓားအလင္းတန္းေၾကာင့္ ေရျပင္ေတြ လႈိင္းတန္ပိုး ထန္သြားပါတယ္။

ကီလုိမီတာ ေတာ္ေတာ္ မ်ားမ်ားအကြာက အနက္ေရာင္ ပံုရိပ္က မယံုၾကည္ႏိုင္တဲ့ မ်က္၀န္းနဲ႕ ၾကည့္ေနပါတယ္။
“ဇင္တ်န္.. မင္းက ဇင္တ်န္အဆင့္ ေရာက္သြားျပီ။”

“မင္းငါ့ကို လာတိုက္ခိုက္ရဲလား။ ငါမင္းကို ေထာင္ေခ်ာက္ဆင္ တိုက္ခိုက္မွာ စိုးရင္ ဒီ ေရကန္ထဲက ကၽြန္းျဖစ္ျဖစ္ မင္းၾကိဳက္တဲ့ေနရာမွာ ခ်ိန္းျပီး မင္းနဲ႕ငါ တစ္ေယာက္ခ်င္း တိုက္ခိုက္လို႕ရတယ္။”

Serpentwingက အေ၀းက လူငယ္ကို စိုက္ၾကည့္ျပီးေတာ့ စဥ္းစားေနမိတယ္။

ဂ်ိရီခၽြမ္နဲ႕ သူ႕လူေတြ ျခံဳခို တိုက္ခိုက္ဖို႕ စီစဥ္ထားရင္ ဘယ္ႏွစ္ေနရာေလာက္ စီစဥ္ထားႏိုင္မွာလည္း။

“မင္းတို႕ လူသားေတြက အရမ္းကို ဥာဏ္နီ ဥာဏ္နက္ မ်ားတယ္။ မင္းလို ဇင္တ်န္အဆင့္ေရာက္သြားတဲ့ လူငယ္ေလးကို  ဂ်ိကလန္က ဘယ္လိုုလုပ္ အဆံုးရႈံး ခံမွာလည္း။ ငါမသိေသးတဲ့ အစီအစဥ္ေတြ မင္းတို႕ စီစဥ္ထားတာေနမယ္။”
Serpentwing ေဒါသတၾကီး ေအာ္ဟစ္ျပီးေတာ့ ေရနက္ထဲကို ျပန္ငူပ္လွ်ိဳးသြားပါေတာ့တယ္။
“မင္း သတိၱရွိရင္ ေရနက္ထဲကို ဆင္းခဲ့။ ငါ အဲ့ဒီမွာ မင္းနဲ႕ တိုက္ခိုက္မယ္။ ေရေပၚမွာဆိုရင္ေတာ့ စဥ္းစားမေနနဲ႕။”

နင္ ေရကန္ေပၚကေန ဆဲဆိုလိုက္ပါတယ္။
“ၾကြက္လို တြင္းထဲမွာပဲ ေအာင္းေန။ ငေၾကာက္ၾကီး။”

ရႊစ္..
နင္ေဒါသတၾကီးနဲ႕ Serpentwing ေရကန္အလယ္က ကၽြန္းဆီကို ေျပးလႊားသြားပါေတာ့တယ္္။ သူ ကၽြန္းေပၚကို ခုန္တက္လိုက္ပါတယ္။

“Serpentwing က ဘာလို႕ ဒီေလာက္ သူရဲေဘာေၾကာင္ရတာလည္း။”

နင္ ဘာဆက္လုပ္ရမွန္း မသိေတာ့ပါဘူး။ သူ ေရနက္ထဲကို ဆင္းျပီးေတာ့ ဇင္တ်န္ အထႊဋ္အထိပ္ ေရ မြန္းစတားကို ယွဥ္တိုက္ရေလာက္ေအာင္လဲ မိုက္ရူးမရဲေသးပါဘူး။

…..

ေရေအာက္ၾကမ္းျပင္မွာေတာ့..
“ဘုရင္ၾကီး၊ ဘုရင္ၾကီး ခုန လူသားငယ္က ကၽြန္းေပၚေရာက္ေနျပီ။”
မြန္းစတားေလးေတြ သတင္းလာပို႕ၾကပါတယ္။

“သူ ကၽြန္းေပၚေရာက္ေနျပီ။”
၀တ္စံုနက္ လူက သူ႕ေဒါသကို ခ်ဳပ္တည္းျပီးေတာ့ ေရရြတ္လိုက္ပါတယ္။

“အေဖ.. ေငြျမီးနဲ႕ တျခားသူေတြ ကၽြန္းေပၚမွာ ရွိေနတယ္။”
ေျမြတစ္ေကာင္က အလန္႕ၾကား ေျပာလိုက္ပါတယ္။

“ေငြျမီး..?”

၀တ္စံုနက္နဲ႕လူ ထိတ္လန္႕သြားပါတယ္။

သူအခုမွ သတိရသြားပါတယ္။ အဆိပ္ေတာင္ၾကားနဲ႕ ဂ်ိကလန္ ေဒသၾကီး ၅ခု သေဘာတူညီမႈ ယူတဲ့အခ်ိန္ကစျပီးေတာ့ သူေရေအာက္မွာပဲ သတိၾကီးၾကီးနဲ႕ ေနထိုင္ခဲ့ျပီး ေရေပၚကၽြန္းကို မသြားရဲခဲ့ပါဘူး။ ဒါေပမဲ့ သူ႕ကေလးေတြ မြန္းစတားေလးေတြကေတာ့ အေၾကာက္အလန္႕ မရွိၾကပါဘူး။ သူတို႕ေတြ ကၽြန္းေပၚကို မၾကာခဏ သြားလည္ပတ္ၾကပါတယ္။ အရင္တုန္းကေတာ့ ဒီကၽြန္းကေလးက သူတို႕ရဲ့ အိမ္ေလးပါ။

“ဘယ္ေလာက္ေတာင္.. င့ါကေလးေတြ ဘယ္ေလာက္ေတာင္ ကၽြန္းေပၚမွာ ရွိေနတာလည္း။”
သူေဒါသတၾကီး ေအာ္ေျပာလိုက္ပါတယ္။

“အဲ့မွာေတာ့ ေငြျမီး တစ္ေကာင္တည္းရွိပါတယ္။ ဒါေပမဲ့ မြန္းစတားတပည့္ေတြ ၁၀၀ ေက်ာ္ေလာက္ ပါသြားပါတယ္။”
ေျမြကေလးက ျမန္ျမန္ ျပန္ေျဖလိုက္ပါတယ္။

ဒါကိုၾကားလိုက္ေတာ့ ၀တ္စံုနက္လူရဲ့ မ်က္နွာ ရုတ္တရက္ ပုပ္သိုးသြားပါေတာ့တယ္။
“ခ်က္ျခင္း မြန္းစတား တစ္ေကာင္လႊတ္ျပီးေတာ့ ေငြျမီးကို ခ်က္ျခင္းျပန္လာဖို႕ အေၾကာင္းၾကားလိုက္။”

“ဟုတ္ကဲ့”

…….

နင္က လူသားတစ္ေယာက္ျဖစ္တဲ့အတြက္ ေရေပၚမွာ ေျပးလႊားတဲ့အခါမွာ စိတ္ထဲမွာ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို အျမဲ အသင့္ ျပင္ထားရပါတယ္။ ဒါေၾကာင့္ သူ အခု Serpentwingကို စိန္ေခၚတာ မေအာင္ျမင္တဲ့အတြက္ ကၽြန္းေပၚမွာ အနားယူဖို႕ ထြက္ခြာလာတာပါ။

“ဒီကၽြန္းက Serpentwing သားရဲတြင္းအေနနဲ႕ အရင္က အသံုးျပဳခဲ့တာ။”
“လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေထာင္ေက်ာ္တည္းက ဒီေနရာဟာ မြန္းစတားေတြရဲ့ ေဒသျဖစ္ခဲ့တာ။ Serpentwing က ငါနဲ႕ မတိုက္ခိုက္ဘူးဆိုေတာ့ ငါ့ဒီကၽြန္းေပၚမွာ ေလွ်ာက္ၾကည့္ဦးမွပဲ။”

နင္ ကၽြန္းေပၚမွာ တျဖည္းျဖည္း ေလွ်ာက္သြားပါေတာ့တယ္။

သူေလွ်ာက္သမွ် ေျခလွမ္းတိုင္ဟာ ေလအလ်င္အတိုင္း လွပေနပါတယ္။ သူကၽြန္းေပၚက ရႊံ႕ႏြံ ထူထပ္တဲ့ ေနရာေတြမွာ ေလွ်ာက္ၾကည့္ေနပါတယ္။ ဒီ ကၽြန္းက ကီလိုမီတာ ၂၀ေက်ာ္ေလာက္ က်ယ္၀န္းပါတယ္။ ကၽြန္းဟာ ေသးငယ္တယ္လို႕ေတာ့ ေျပာလို႕မရပါဘူး။ ကၽြန္းေပၚမွာ ေတာေတာင္ေတြ လွ်ိဳေျမာင္ေတြ ရွိေနပါတယ္။

“ဂရား…”
အေ၀းကေန ေက်ာက္တံုးၾကီးတစ္တံုးအရြယ္ ဂဏန္းၾကီးတစ္ေကာင္ဟာ လက္မၾကီးေ၀ွ႕ယမ္းျပီးေတာ့ နင္ကို စိုက္ၾကည့္ေနပါတယ္။

“မြႏ္းစတားေလးပါလား။”
နင္ေက်ာက္တံုးတစ္တံုးကို ကန္လိုက္ပါတယ္။
“ရႊစ္”
ေက်ာက္တံုးက ဂဏန္းအခြံထဲ နစ္ျမဳပ္၀င္သြားပါတယ္။ ဂဏန္းလည္း ေလးငါးပတ္ေလာက္လိမ့္ျပီးေတာ့ ရပ္သြားပါတယ္။ နင္ ထြက္သြားတဲ့အခါမွာေတာ့ ဂဏန္းက ရုတ္တရက္ ခုန္ထျပီး ေရကန္ထဲကို ေျပးဆင္းသြားပါေတာ့တယ္။

ဒီေနရာက Serpentwing သားရဲတြင္းဆိုေတာ့ သူမရွိေတာ့ေပမဲ့ ေရ မြန္းစတားေလးေတြ က်န္ရစ္ခဲ့တာရွိေနတယ္ေလ။ နင္ကို ျမင္ေတာ့ မြန္းစတားေလးေတြက သူ႕ကို တိုက္ခိုက္ဖို႕ ၾကိဳးစားၾကတယ္။ နင္က အားနည္းတဲ့ မြန္းစတားေလးေတြဆို သင္ခန္းစာေပး လႊတ္ေပးလိုက္ေပမဲ့ ဟိုတ်န္အဆင့္ မြန္းစတားေတြဆို တစ္ေကာင္မွ ခ်မ္းသာမေပးခဲ့ဘူး။

“ဟင္..”
နင္ အေ၀းတစ္ေနရာက ဂူေပါက္တစ္ခုကေန ေငြေရာင္ ေျမြၾကီးတစ္ေကာင္ ထြက္လာတာေတြ႕လိုက္ရတယ္။ သူ႕ကို မီတာေတာ္ေတာ္ ၾကီးတဲ့ မြန္းစတားတပည့္တပန္းေတြ ၀န္းရံထားၾကတယ္။

မြန္းစတားေတြ တစ္ေကာင္မွ အရြယ္ေသးတာ မပါဘူး။

အကုန္လံုးဟာ ဟိုတ်န္ ေနာက္ဆံုးအဆင့္ေတြ ျဖစ္ဖို႕မ်ားတယ္။

“ရႊစ္”
နင္ ခ်က္ျခင္း ေျပး၀င္သြားတယ္။

“ျမန္ျမန္ ေျပးၾကေဟ့။”

“ေျပးဟ”

“ဒီလူသားေလးက ဇင္တ်န္ အဆင့္ျဖစ္လိမ့္မယ္။”

ဟိုတ်န္ ေနာက္ဆံုးအဆင့္ မြန္းစတားေတြ ေအာ္ဟစ္ကုန္ၾကပါတယ္။ တစ္ေကာင္မွ နင္ကို တိုက္ခိုက္ဖို႕ မၾကိဳးစားၾကပါဘူး။ အကုန္လံုး လူစုခြဲေျပးျပီးေတာ့ ေရထဲ ခုန္ခ်သြားၾကပါေတာ့တယ္။

နင္ရဲ့ လက္ထဲမွာ ေလးၾကီးနဲ႕ ျမား ၄ေခ်ာင္းေပၚလာျပီးေတာ့ သူေလးညိႈ႕ကို ဆြဲလိုက္ပါတယ္။

သူ ျမားေလးေခ်ာင္းပစ္ျပီးေတာ့ ေနာက္ထပ္ ျမား ၄ေခ်ာင္း ထပ္ပစ္လိုက္ပါတယ္။

ျမားတစ္တစ္ခ်က္ျပီး တစ္ခ်က္ ပစ္ျပီးတဲ့အခါမွာေတာ့ ခႏၶာကုိယ္ အၾကီးဆံုး ေရ မြန္းစတားၾကီး ၁၀ေကာင္ ေသသြားခဲ့ပါတယ္။ ပိုုျပီး ေသးငယ္တဲ့ မြန္းစတားေလးေတြကေတာ့ ေရထဲ ေျပးလို႕ လြတ္ေျမာက္သြားပါတယ္။

“ဂ်ိနင္ မင္း ငါ့ ေနာက္ထပ္ သားတစ္ေယာက္ကို သတ္တာနဲ႕ ငါမင္းကို အသက္ရွင္ မခ်န္ထားဘူး။”
ေရေအာက္ကေန အသံၾကီး ထြက္ေပၚလာပါတယ္။ ဒီအသံကိုၾကားေတာ့ ဂ်ိနင္ အံ့ၾသသြားပါေတာ့တယ္။

“ေနာက္သားတစ္ေယာက္ကို သတ္ရင္? ဒီ မိစာၦၾကီးမွာ သားသမီး ဘယ္ႏွစ္ေယာက္ေတာင္ ရွိလို႕လည္း။”
နင္ သူ႕ပတ္၀န္းက်င္ကို ၾကည့္လိုက္ေတာ့ သူ႕ျမားခ်က္နဲ႕ အသက္ေပ်ာက္ ေနတဲ့ ဟိုတ်န္အဆင့္ ေျမြအမ်ိဳးအႏြယ္၀င္ မြန္းစတား ၃ေကာင္ကို ေတြ႕လိုက္ပါတယ္။ ဘယ္တစ္ေကာင္က Serpentwing ရဲ့ သားလဲ။ Serpentwingမွာ ကေလး ၉၂ ေကာင္ ရွိတာကို နင္မသိပါဘူး။ ဒါေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆံုးသြားျပီး ၁၆ေကာင္သာ အသက္ရွင္ က်န္ရစ္ေတာ့တာပါ။

အဲ့ဒီမွာ နင္ေၾကာင့္ ၂ေကာင္ထပ္ျပီး အသက္ေပ်ာက္သြားပါတယ္။

ဒါေပမဲ့ Serpentwingက ဖင္းေဂါ့ေသြးမ်ိဳးဆက္ပါတဲ့ သူ႕ရဲ့ သား အျမီးနီကို အခ်စ္ဆံုးပါ။

“Serpentwing မြန္းစတားအိုၾကီး မင္းတတ္ႏို္င္တာက ေအာ္ေနဖို႕ပဲ။ ဒီေနရမွာ မင္းရဲ့ ကေလးေတြ ရွိေနေသးတာလား။ ငါ သားရဲတြင္းထဲ ၀င္ျပီးေတာ့ သူတို႕ကို အသက္ႏႈတ္ေပးမယ္။”
နင္ေျပာေျပာဆိုဆိုနဲ႕ သားရဲဂူထဲ ၀င္သြားပါေတာ့တယ္။

……

ဒီ သားရဲဂူဟာ Serpentwing ႏွစ္ေပါင္းေထာင္ခ်ီ ေနထုိင္ခဲ့တဲ့ ေနရာ ျဖစ္ပါတယ္။

နင္က ဒက္ေနာ့ ဓားကို အသင့္ျပင္ျပီး ဂူထဲကို ၀င္သြားပါေတာ့တယ္။

ဂူတစ္ေလွ်ာက္မွာေတာ့ သူ႕ကို လာလာတိုက္ခိုက္တဲ့ ေရမြန္းစတားေတြ နဲ႕ မၾကာခဏ ရင္ဆိုင္ခဲ့ပါတယ္။ တစ္ခ်ိဳ႕က ေၾကာက္မက္ဖြယ္ သ႑ာန္ ရွိျပီး တစ္ခ်ိဳ႕က ရုပ္ဆိုးပါတယ္။ သူတို႕ေတြ ဒီလူသားေလးကို ျမင္တာနဲ႕ စားေသာက္ခ်င္လို႕ ေျပးလာတာပါ။ တခ်ိဳ႕ အရမ္းကို အစြမ္းမဲ့တဲ့ မြန္းစတားေတြကိုဆို နင္ ကန္ထုတ္လိုက္တာနဲ႕ လြင့္ျပီး ေသဆံုးသြားပါတယ္။ ဒါေပမဲ့ နင္က သူတို႕ေသေသမေသသ အဖက္ မလုပ္ခဲ့ပါဘူး။

ဒါေပမဲ့ နင္က ဟိုတ်န္အဆင့္ မြန္းစတားတစ္ေကာင္မွ အသက္ရွင္ မထားခဲ့ပါဘူး။

“ဒီ သားရဲဂူက ေတာ္ေတာ္ နက္ရိႈ္င္းတာပဲ”
နင္ တျဖည္းျဖည္း ဆင္သြားပါတယ္။ ဂူလမ္းေၾကာင္းေတြဟာ ေျမြလိမ္ေျမြေကာက္မ်ားပါတယ္။ဂူလမ္းေၾကာင္း တစ္ေနရာမွာ ရုတ္တရက္ အေမွာင္ထဲကေန အရမ္းကို ၾကီးမားတဲ့ ဂစ္ဇရီ ၀က္၀ံ ဦးေခါင္း သ႑ာန္ၾကီး ေပၚလာပါတယ္။ ဒီ ဦးေခါင္းၾကီးက ပါးစပ္ၾကီးကို ဟျပီးေတာ့နင္ကိုငံုလိုက္ပါတယ္။

နင္မ်က္ႏွာလံုး၀ ပ်က္သြားပါတယ္။

သူသိတာက သူလႈပ္ရွားလို႕မရေတာ့တာပါ။ ဘာမွကို မလႈပ္ႏိုင္ေတာ့တာပါ။

“ဒါ..ဒါ…ေရွးေဟာင္း အၾကြင္းအက်န္ ေနရာပဲ…”

ဒီလို အရမ္းၾကီးမားလြန္းတဲ့ကမာၻၾကီးမွာ ဖင္းေဂါ့ေခတ္ကေန လက္ရွိေခတ္အထိ မေရမတြက္ႏိုင္တဲ့ ပညာရွင္ေတြ ေပၚထြန္းခဲ့ပါတယ္။ မေရမတြက္ႏိုင္တဲ့ ဖင္းေဂါ့ေရွးေဟာင္း အၾကြင္းအက်န္ေဒသေတြ အင္ေမာ္တယ္ နန္းေတာ္ေတြ အမ်ားၾကီး ေနရာအႏွံ႕ ရွိေနပါတယ္။ လူသားေတြဟာ ေနရာအႏွံ႕မွာ ရွိေနတဲ့အခါမွာ မၾကာခဏ ဖင္းေဂါ့ ေရွးေဟာင္း အၾကြင္းအက်န္ နယ္ေျမေတြကို မထင္မွတ္ပဲ ေရာက္သြားတတ္ၾကပါတယ္။ ဖင္းေဂါ့ ေရွးေဟာင္း အၾကြင္းအက်န္ နယ္ေျမေတြမွာ မၾကာခဏ ရတနာသို္က္ေတြ အက်ိဳးအျမတ္ေတြ ရလာတတ္ၾကပါတယ္။

ဒါေပမဲ့ အမ်ားစုက ဖင္းေဂါ့ေရွးေဟာင္း အၾကြင္းအက်န္ေဒသေတြ အင္ေမာ္တယ္ နန္းေတာ္ေတြ မွာ အသက္ဆံုးရံႈးသြားၾကပါတယ္။ နင္ဖတ္ဖူးခဲ့တဲ့ စာအုပ္ေတြမွာဆိုရင္ တခ်ိဳ႕နာမည္ၾကီးတဲ့ ေရွးေဟာင္း နယ္ေျမေတြဟာ မေရမတြက္ႏိုင္တဲ့ သတၱ၀ါေတြကို အသက္ဇီ၀ိန္ ခ်ဳပ္ေပးခဲ့ဖူးပါတယ္။

“ငါ ေရွးေဟာင္းအၾကြင္းအက်န္ေဒသကို ေရာက္လာတာပဲ။ အသက္ရွင္ရမယ္။ ငါ ဒီကေန အသက္ရွင္လ်က္ လြတ္ေျမာက္ရမယ္။ လြတ္ကို လြတ္ရမယ္။”
နင္ရဲ့ မ်က္၀န္းေတြဟာ တပ္မက္မႈေတြ ျပင္းထန္တဲ့ စိတ္အေရာင္ေတြ ျပည့္ေနပါတယ္။ သူနားလည္ပါတယ္။  ဖင္းေဂါ့ေတြ တန္ခိုးရွင္ေတြရဲ့ ေရွးေဟာင္း အၾကြင္းအက်န္ နယ္ေျမေတြနဲ႕ ရင္ဆိုင္ရတဲ့အခါမွာ… သာမာန္ ဇင္တ်န္ တန္ခိုးရွင္အေနနဲ႕ ျပန္တိုက္ခိုက္ဖို႕ အစြမ္းမလံုေလာက္ေသးပါဘူး။ သူ႕အတြက္ အညံ့ခံလိုက္ျပီးေတာ့ ေနာက္ပိုင္းထြက္ေျပးဖို႕ တမ်ိဳးတဖံု စဥ္းစားတာ အေကာင္းဆံုးဆိုတာ သူသေဘာေပါက္ပါတယ္။

ဂစ္ဇရီ ၀က္၀ံေခါင္းၾကီးဟာ နင္ကို တစ္ခ်က္တည္း မ်ိဳခ်လိုက္ပါတယ္။

အရိပ္ၾကီးဟာ ေပ်ာက္ကြယ္သြားပါျပီ။

နင္လည္း မရွိေတာ့ပါဘူး။

Serpentwing သားရဲဂူရဲ့ လမ္းေၾကာင္းေတြဟာလည္း ဘာမွမျဖစ္ခဲ့သလို ျငိမ္သက္ တိတ္ဆိတ္ျပီး က်န္ခဲ့ပါေတာ့တယ္။


Chapter 13 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 14 ေရေအာက္နန္းေတာ္




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 13 Serpentwing သားရဲဂူ



နင်က ရေမျက်နှာပြင်ပေါ်မှာ မတ်တပ်ရပ်ပြီးတော့ အနီးအနားကို လေ့လာလိုက်ပါတယ်။



အရာရာတိုင်းဟာ တိတ်ဆိတ်လို့ နေပါတယ်။ လေပြည်လေးတိုက်နေပြီးတော့ လှိုင်းကြက်ခွပ်လေးတွေ ရေပြင်မှာ ဆော့ကစား နေကြပါတယ်။


“Serpentwing ငါထင်တာက်တောင် ပိုပြီးတော့ သတိကြီးနေတယ်။ သူ့အမုန်းဆုံး ရန်သူတော် ရောက်လာတာတောင်မှ သူ ရေနက်ထဲကနေ မထွက်လာဘူး။”

နင် မျက်မှောင်ကြုတ်လိုက်ပါတယ်။



Serpentwingကို ရေထဲကနေ မျှားခေါ်ဖို့က တော်တော်ကို ခက်နေပါပြီ။



ပြောရရင် ဂျိကလန် ဒေသကြီး ၅ခုလုံး စုပေါင်းပြီးတော့တောင် Serpentwing ကို ဘာမှ မလုပ်လိုက်နိုင်တာ။ ဂျိနင် ဇင်တျန် အဆင့်ရောက်သွားတာ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီးတော့ သိတဲ့လူ နည်းပါတယ်။ Serpentwing လည်း မသိနိုင်ပါဘူး။ Serpentwing မျက်လုံးထဲမှာတော့ နင်က ကိုယ်ဖော့သိုင်း အဆင့်မြင့်တဲ့ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ယောက်ထက် မပိုပါဘူး။ ဒါပေမဲ့လည်း Serpentwingက သူ့ ဒေါသစိတ်ကို ထိန်းချုပ်ထားနိုင်နေပါတယ်။


“ဟင်..”


အဝေးတစ်နေရာ ရေထဲကနေ ဦးခေါင်းတစ်ခု ပြူတစ်ပြူတစ် ဖြစ်နေတာ သတိထားမိသွားပါတယ်။



“မွန်းစတားလေးပါလား။”



နင် လက်ထဲမှာ သံမဏိ သစ်ပင် ဂျန်ဆီကနေ ရလာတဲ့ လေးနဲ့ မြား၄ချောင်း ပေါ်လာပါတယ်။ သူချက်ခြင်းပဲ မြှား နဲ့ ပစ်လိုက်ပါတယ်။



ရွှစ်..ရွှစ်..ရွှစ်..ရွှစ်..



မွန်းစတားလေးက မြား ၄ချောင်းကို မြင်တာနဲ့ ကြောက်လန့်တကြား ရေအောက်ကို ငုပ်သွားပါတယ်။ ဒါပေမဲ့ နင်ရဲ့ မြားချက် အရမ်းကို မြန်လွန်းတဲ့အတွက် အော်ဟစ်ညည်းညူသံ ထွက်လာပြီးတော့ ရေထဲမှာ သွေးအိုင် သွားပါတော့တယ်။ တခြား မွန်းစတားလေးတွေလည်း ကြောက်လန့်တကြား ရေငုပ် ပုန်းကွယ်သွားကြပါတော့တယ်။



“Serpentwing”

လက်ထဲမှာ လေးကြီးကို ကိုင်ထားလျက်နဲ့ နင်က အော်ပြောလိုက်ပါတယ်။

“မင်းလို မိစ္ဆာကြီးက တပည့်လေးတွေပဲ လွှတ်ပြီးတော့ ကိုယ်တိုင်က ပုန်းကွယ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါမင်းကို တော်တော် အထင်သေးသွားပြီ။”


“ဂျိနင်”

ကြောက်မက်ဖွယ် အသံနက်ကြီးက ရေနက်ထဲကနေ ထွက်ပေါ်လာပါတယ်။



နင် အရမ်းပျော်သွားပါတယ်။ နောက်ဆုံးတော့ Serpentwing စကားပြောပြီလေ။


“မင်း ဒီလိုဉာဏ်နီ ဉာဏ်နက် သုံးပြီးတော့ ငါ့ကို အနိုင်ရမယ် မထင်နဲ့။ မင်းအဖေနဲ့ တခြားလူုတွေ ငါ့ကို စောင့်နေတယ်ဆိုတာ ငါမသိဘူး ထင်နေလား။ မင်းလို ဟိုတျန်အဆင့် ကလေးပေါက်စက ငါ့ဆီကို ဘယ်လိုလုပ် အသက်စွန့် လာဝံ့မှာတုန်း။”


“ဟား..ဟား..ဟား.. ဟိုတျန်..”

နင် ရယ်မောလိုက်ပါတယ်။ သူ့တစ်ကိုယ်လုံးက အလင်းရောင်တွေ ဖြာထွက်လာပြီးတော့ သူ့လက်ချောင်းတွေကနေ ဓားအလင်းတန်း တစ်ချက် ကလက်သွားပြီး ရေနက်ထဲကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။
“မင်းရဲ့ မြွေမျက်လုံးကို ဖွင့်ပြီးတော့ ကြည့်ကြည့်စမ်းပါ။”



ရွှစ်..
ရေနက်ထဲကို တိုးဝင်သွားတဲ့ ဓားအလင်းတန်းကြောင့် ရေပြင်တွေ လှိုင်းတန်ပိုး ထန်သွားပါတယ်။



ကီလိုမီတာ တော်တော် များများအကွာက အနက်ရောင် ပုံရိပ်က မယုံကြည်နိုင်တဲ့ မျက်ဝန်းနဲ့ ကြည့်နေပါတယ်။

“ဇင်တျန်.. မင်းက ဇင်တျန်အဆင့် ရောက်သွားပြီ။”



“မင်းငါ့ကို လာတိုက်ခိုက်ရဲလား။ ငါမင်းကို ထောင်ချောက်ဆင် တိုက်ခိုက်မှာ စိုးရင် ဒီ ရေကန်ထဲက ကျွန်းဖြစ်ဖြစ် မင်းကြိုက်တဲ့နေရာမှာ ချိန်းပြီး မင်းနဲ့ငါ တစ်ယောက်ချင်း တိုက်ခိုက်လို့ရတယ်။”



Serpentwingက အဝေးက လူငယ်ကို စိုက်ကြည့်ပြီးတော့ စဉ်းစားနေမိတယ်။



ဂျိရီချွမ်နဲ့ သူ့လူတွေ ခြုံခို တိုက်ခိုက်ဖို့ စီစဉ်ထားရင် ဘယ်နှစ်နေရာလောက် စီစဉ်ထားနိုင်မှာလည်း။


“မင်းတို့ လူသားတွေက အရမ်းကို ဉာဏ်နီ ဉာဏ်နက် များတယ်။ မင်းလို ဇင်တျန်အဆင့်ရောက်သွားတဲ့ လူငယ်လေးကို  ဂျိကလန်က ဘယ်လိုုလုပ် အဆုံးရှုံး ခံမှာလည်း။ ငါမသိသေးတဲ့ အစီအစဉ်တွေ မင်းတို့ စီစဉ်ထားတာနေမယ်။”

Serpentwing ဒေါသတကြီး အော်ဟစ်ပြီးတော့ ရေနက်ထဲကို ပြန်ငူပ်လျှိုးသွားပါတော့တယ်။
“မင်း သတ္တိရှိရင် ရေနက်ထဲကို ဆင်းခဲ့။ ငါ အဲ့ဒီမှာ မင်းနဲ့ တိုက်ခိုက်မယ်။ ရေပေါ်မှာဆိုရင်တော့ စဉ်းစားမနေနဲ့။”



နင် ရေကန်ပေါ်ကနေ ဆဲဆိုလိုက်ပါတယ်။
“ကြွက်လို တွင်းထဲမှာပဲ အောင်းနေ။ ငကြောက်ကြီး။”



ရွှစ်..
နင်ဒေါသတကြီးနဲ့ Serpentwing ရေကန်အလယ်က ကျွန်းဆီကို ပြေးလွှားသွားပါတော့တယ်။ သူ ကျွန်းပေါ်ကို ခုန်တက်လိုက်ပါတယ်။



“Serpentwing က ဘာလို့ ဒီလောက် သူရဲဘောကြောင်ရတာလည်း။”



နင် ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ သူ ရေနက်ထဲကို ဆင်းပြီးတော့ ဇင်တျန် အထွှဋ်အထိပ် ရေ မွန်းစတားကို ယှဉ်တိုက်ရလောက်အောင်လဲ မိုက်ရူးမရဲသေးပါဘူး။



…..



ရေအောက်ကြမ်းပြင်မှာတော့..
“ဘုရင်ကြီး၊ ဘုရင်ကြီး ခုန လူသားငယ်က ကျွန်းပေါ်ရောက်နေပြီ။”

မွန်းစတားလေးတွေ သတင်းလာပို့ကြပါတယ်။


“သူ ကျွန်းပေါ်ရောက်နေပြီ။”

ဝတ်စုံနက် လူက သူ့ဒေါသကို ချုပ်တည်းပြီးတော့ ရေရွတ်လိုက်ပါတယ်။



“အဖေ.. ငွေမြီးနဲ့ တခြားသူတွေ ကျွန်းပေါ်မှာ ရှိနေတယ်။”

မြွေတစ်ကောင်က အလန့်ကြား ပြောလိုက်ပါတယ်။


“ငွေမြီး..?”



ဝတ်စုံနက်နဲ့လူ ထိတ်လန့်သွားပါတယ်။



သူအခုမှ သတိရသွားပါတယ်။ အဆိပ်တောင်ကြားနဲ့ ဂျိကလန် ဒေသကြီး ၅ခု သဘောတူညီမှု ယူတဲ့အချိန်ကစပြီးတော့ သူရေအောက်မှာပဲ သတိကြီးကြီးနဲ့ နေထိုင်ခဲ့ပြီး ရေပေါ်ကျွန်းကို မသွားရဲခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကလေးတွေ မွန်းစတားလေးတွေကတော့ အကြောက်အလန့် မရှိကြပါဘူး။ သူတို့တွေ ကျွန်းပေါ်ကို မကြာခဏ သွားလည်ပတ်ကြပါတယ်။ အရင်တုန်းကတော့ ဒီကျွန်းကလေးက သူတို့ရဲ့ အိမ်လေးပါ။


“ဘယ်လောက်တောင်.. င့ါကလေးတွေ ဘယ်လောက်တောင် ကျွန်းပေါ်မှာ ရှိနေတာလည်း။”

သူဒေါသတကြီး အော်ပြောလိုက်ပါတယ်။


“အဲ့မှာတော့ ငွေမြီး တစ်ကောင်တည်းရှိပါတယ်။ ဒါပေမဲ့ မွန်းစတားတပည့်တွေ ၁၀၀ ကျော်လောက် ပါသွားပါတယ်။”

မြွေကလေးက မြန်မြန် ပြန်ဖြေလိုက်ပါတယ်။



ဒါကိုကြားလိုက်တော့ ဝတ်စုံနက်လူရဲ့ မျက်နှာ ရုတ်တရက် ပုပ်သိုးသွားပါတော့တယ်။
“ချက်ခြင်း မွန်းစတား တစ်ကောင်လွှတ်ပြီးတော့ ငွေမြီးကို ချက်ခြင်းပြန်လာဖို့ အကြောင်းကြားလိုက်။”


“ဟုတ်ကဲ့”



…….



နင်က လူသားတစ်ယောက်ဖြစ်တဲ့အတွက် ရေပေါ်မှာ ပြေးလွှားတဲ့အခါမှာ စိတ်ထဲမှာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို အမြဲ အသင့် ပြင်ထားရပါတယ်။ ဒါကြောင့် သူ အခု Serpentwingကို စိန်ခေါ်တာ မအောင်မြင်တဲ့အတွက် ကျွန်းပေါ်မှာ အနားယူဖို့ ထွက်ခွာလာတာပါ။


“ဒီကျွန်းက Serpentwing သားရဲတွင်းအနေနဲ့ အရင်က အသုံးပြုခဲ့တာ။”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော်တည်းက ဒီနေရာဟာ မွန်းစတားတွေရဲ့ ဒေသဖြစ်ခဲ့တာ။ Serpentwing က ငါနဲ့ မတိုက်ခိုက်ဘူးဆိုတော့ ငါ့ဒီကျွန်းပေါ်မှာ လျှောက်ကြည့်ဦးမှပဲ။”



နင် ကျွန်းပေါ်မှာ တဖြည်းဖြည်း လျှောက်သွားပါတော့တယ်။



သူလျှောက်သမျှ ခြေလှမ်းတိုင်ဟာ လေအလျင်အတိုင်း လှပနေပါတယ်။ သူကျွန်းပေါ်က ရွှံ့နွံ ထူထပ်တဲ့ နေရာတွေမှာ လျှောက်ကြည့်နေပါတယ်။ ဒီ ကျွန်းက ကီလိုမီတာ ၂၀ကျော်လောက် ကျယ်ဝန်းပါတယ်။ ကျွန်းဟာ သေးငယ်တယ်လို့တော့ ပြောလို့မရပါဘူး။ ကျွန်းပေါ်မှာ တောတောင်တွေ လျှိုမြောင်တွေ ရှိနေပါတယ်။


“ဂရား…”

အဝေးကနေ ကျောက်တုံးကြီးတစ်တုံးအရွယ် ဂဏန်းကြီးတစ်ကောင်ဟာ လက်မကြီးဝှေ့ယမ်းပြီးတော့ နင်ကို စိုက်ကြည့်နေပါတယ်။


“မွန်းစတားလေးပါလား။”

နင်ကျောက်တုံးတစ်တုံးကို ကန်လိုက်ပါတယ်။
“ရွှစ်”
ကျောက်တုံးက ဂဏန်းအခွံထဲ နစ်မြုပ်ဝင်သွားပါတယ်။ ဂဏန်းလည်း လေးငါးပတ်လောက်လိမ့်ပြီးတော့ ရပ်သွားပါတယ်။ နင် ထွက်သွားတဲ့အခါမှာတော့ ဂဏန်းက ရုတ်တရက် ခုန်ထပြီး ရေကန်ထဲကို ပြေးဆင်းသွားပါတော့တယ်။



ဒီနေရာက Serpentwing သားရဲတွင်းဆိုတော့ သူမရှိတော့ပေမဲ့ ရေ မွန်းစတားလေးတွေ ကျန်ရစ်ခဲ့တာရှိနေတယ်လေ။ နင်ကို မြင်တော့ မွန်းစတားလေးတွေက သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားကြတယ်။ နင်က အားနည်းတဲ့ မွန်းစတားလေးတွေဆို သင်ခန်းစာပေး လွှတ်ပေးလိုက်ပေမဲ့ ဟိုတျန်အဆင့် မွန်းစတားတွေဆို တစ်ကောင်မှ ချမ်းသာမပေးခဲ့ဘူး။



“ဟင်..”

နင် အဝေးတစ်နေရာက ဂူပေါက်တစ်ခုကနေ ငွေရောင် မြွေကြီးတစ်ကောင် ထွက်လာတာတွေ့လိုက်ရတယ်။ သူ့ကို မီတာတော်တော် ကြီးတဲ့ မွန်းစတားတပည့်တပန်းတွေ ဝန်းရံထားကြတယ်။



မွန်းစတားတွေ တစ်ကောင်မှ အရွယ်သေးတာ မပါဘူး။



အကုန်လုံးဟာ ဟိုတျန် နောက်ဆုံးအဆင့်တွေ ဖြစ်ဖို့များတယ်။


“ရွှစ်”

နင် ချက်ခြင်း ပြေးဝင်သွားတယ်။


“မြန်မြန် ပြေးကြဟေ့။”



“ပြေးဟ”


“ဒီလူသားလေးက ဇင်တျန် အဆင့်ဖြစ်လိမ့်မယ်။”



ဟိုတျန် နောက်ဆုံးအဆင့် မွန်းစတားတွေ အော်ဟစ်ကုန်ကြပါတယ်။ တစ်ကောင်မှ နင်ကို တိုက်ခိုက်ဖို့ မကြိုးစားကြပါဘူး။ အကုန်လုံး လူစုခွဲပြေးပြီးတော့ ရေထဲ ခုန်ချသွားကြပါတော့တယ်။



နင်ရဲ့ လက်ထဲမှာ လေးကြီးနဲ့ မြား ၄ချောင်းပေါ်လာပြီးတော့ သူလေးညှို့ကို ဆွဲလိုက်ပါတယ်။



သူ မြားလေးချောင်းပစ်ပြီးတော့ နောက်ထပ် မြား ၄ချောင်း ထပ်ပစ်လိုက်ပါတယ်။



မြားတစ်တစ်ချက်ပြီး တစ်ချက် ပစ်ပြီးတဲ့အခါမှာတော့ ခန္ဓာကိုယ် အကြီးဆုံး ရေ မွန်းစတားကြီး ၁၀ကောင် သေသွားခဲ့ပါတယ်။ ပိုုပြီး သေးငယ်တဲ့ မွန်းစတားလေးတွေကတော့ ရေထဲ ပြေးလို့ လွတ်မြောက်သွားပါတယ်။


“ဂျိနင် မင်း ငါ့ နောက်ထပ် သားတစ်ယောက်ကို သတ်တာနဲ့ ငါမင်းကို အသက်ရှင် မချန်ထားဘူး။”

ရေအောက်ကနေ အသံကြီး ထွက်ပေါ်လာပါတယ်။ ဒီအသံကိုကြားတော့ ဂျိနင် အံ့သြသွားပါတော့တယ်။


“နောက်သားတစ်ယောက်ကို သတ်ရင်? ဒီ မိစ္ဆာကြီးမှာ သားသမီး ဘယ်နှစ်ယောက်တောင် ရှိလို့လည်း။”

နင် သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့မြားချက်နဲ့ အသက်ပျောက် နေတဲ့ ဟိုတျန်အဆင့် မြွေအမျိုးအနွယ်ဝင် မွန်းစတား ၃ကောင်ကို တွေ့လိုက်ပါတယ်။ ဘယ်တစ်ကောင်က Serpentwing ရဲ့ သားလဲ။ Serpentwingမှာ ကလေး ၉၂ ကောင် ရှိတာကို နင်မသိပါဘူး။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားပြီး ၁၆ကောင်သာ အသက်ရှင် ကျန်ရစ်တော့တာပါ။



အဲ့ဒီမှာ နင်ကြောင့် ၂ကောင်ထပ်ပြီး အသက်ပျောက်သွားပါတယ်။



ဒါပေမဲ့ Serpentwingက ဖင်းဂေါ့သွေးမျိုးဆက်ပါတဲ့ သူ့ရဲ့ သား အမြီးနီကို အချစ်ဆုံးပါ။


“Serpentwing မွန်းစတားအိုကြီး မင်းတတ်နိုင်တာက အော်နေဖို့ပဲ။ ဒီနေရမှာ မင်းရဲ့ ကလေးတွေ ရှိနေသေးတာလား။ ငါ သားရဲတွင်းထဲ ဝင်ပြီးတော့ သူတို့ကို အသက်နှုတ်ပေးမယ်။”

နင်ပြောပြောဆိုဆိုနဲ့ သားရဲဂူထဲ ဝင်သွားပါတော့တယ်။



……



ဒီ သားရဲဂူဟာ Serpentwing နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။



နင်က ဒက်နော့ ဓားကို အသင့်ပြင်ပြီး ဂူထဲကို ဝင်သွားပါတော့တယ်။



ဂူတစ်လျှောက်မှာတော့ သူ့ကို လာလာတိုက်ခိုက်တဲ့ ရေမွန်းစတားတွေ နဲ့ မကြာခဏ ရင်ဆိုင်ခဲ့ပါတယ်။ တစ်ချို့က ကြောက်မက်ဖွယ် သဏ္ဍာန် ရှိပြီး တစ်ချို့က ရုပ်ဆိုးပါတယ်။ သူတို့တွေ ဒီလူသားလေးကို မြင်တာနဲ့ စားသောက်ချင်လို့ ပြေးလာတာပါ။ တချို့ အရမ်းကို အစွမ်းမဲ့တဲ့ မွန်းစတားတွေကိုဆို နင် ကန်ထုတ်လိုက်တာနဲ့ လွင့်ပြီး သေဆုံးသွားပါတယ်။ ဒါပေမဲ့ နင်က သူတို့သေသေမသေသ အဖက် မလုပ်ခဲ့ပါဘူး။



ဒါပေမဲ့ နင်က ဟိုတျန်အဆင့် မွန်းစတားတစ်ကောင်မှ အသက်ရှင် မထားခဲ့ပါဘူး။


“ဒီ သားရဲဂူက တော်တော် နက်ရှိုင်းတာပဲ”

နင် တဖြည်းဖြည်း ဆင်သွားပါတယ်။ ဂူလမ်းကြောင်းတွေဟာ မြွေလိမ်မြွေကောက်များပါတယ်။ဂူလမ်းကြောင်း တစ်နေရာမှာ ရုတ်တရက် အမှောင်ထဲကနေ အရမ်းကို ကြီးမားတဲ့ ဂစ်ဇရီ ဝက်ဝံ ဦးခေါင်း သဏ္ဍာန်ကြီး ပေါ်လာပါတယ်။ ဒီ ဦးခေါင်းကြီးက ပါးစပ်ကြီးကို ဟပြီးတော့နင်ကိုငုံလိုက်ပါတယ်။



နင်မျက်နှာလုံး၀ ပျက်သွားပါတယ်။



သူသိတာက သူလှုပ်ရှားလို့မရတော့တာပါ။ ဘာမှကို မလှုပ်နိုင်တော့တာပါ။


“ဒါ..ဒါ…ရှေးဟောင်း အကြွင်းအကျန် နေရာပဲ…”



ဒီလို အရမ်းကြီးမားလွန်းတဲ့ကမ္ဘာကြီးမှာ ဖင်းဂေါ့ခေတ်ကနေ လက်ရှိခေတ်အထိ မရေမတွက်နိုင်တဲ့ ပညာရှင်တွေ ပေါ်ထွန်းခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ ဖင်းဂေါ့ရှေးဟောင်း အကြွင်းအကျန်ဒေသတွေ အင်မော်တယ် နန်းတော်တွေ အများကြီး နေရာအနှံ့ ရှိနေပါတယ်။ လူသားတွေဟာ နေရာအနှံ့မှာ ရှိနေတဲ့အခါမှာ မကြာခဏ ဖင်းဂေါ့ ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေကို မထင်မှတ်ပဲ ရောက်သွားတတ်ကြပါတယ်။ ဖင်းဂေါ့ ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေမှာ မကြာခဏ ရတနာသိုက်တွေ အကျိုးအမြတ်တွေ ရလာတတ်ကြပါတယ်။



ဒါပေမဲ့ အများစုက ဖင်းဂေါ့ရှေးဟောင်း အကြွင်းအကျန်ဒေသတွေ အင်မော်တယ် နန်းတော်တွေ မှာ အသက်ဆုံးရှုံးသွားကြပါတယ်။ နင်ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေမှာဆိုရင် တချို့နာမည်ကြီးတဲ့ ရှေးဟောင်း နယ်မြေတွေဟာ မရေမတွက်နိုင်တဲ့ သတ္တဝါတွေကို အသက်ဇီဝိန် ချုပ်ပေးခဲ့ဖူးပါတယ်။



“ငါ ရှေးဟောင်းအကြွင်းအကျန်ဒေသကို ရောက်လာတာပဲ။ အသက်ရှင်ရမယ်။ ငါ ဒီကနေ အသက်ရှင်လျက် လွတ်မြောက်ရမယ်။ လွတ်ကို လွတ်ရမယ်။”

နင်ရဲ့ မျက်ဝန်းတွေဟာ တပ်မက်မှုတွေ ပြင်းထန်တဲ့ စိတ်အရောင်တွေ ပြည့်နေပါတယ်။ သူနားလည်ပါတယ်။  ဖင်းဂေါ့တွေ တန်ခိုးရှင်တွေရဲ့ ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ… သာမာန် ဇင်တျန် တန်ခိုးရှင်အနေနဲ့ ပြန်တိုက်ခိုက်ဖို့ အစွမ်းမလုံလောက်သေးပါဘူး။ သူ့အတွက် အညံ့ခံလိုက်ပြီးတော့ နောက်ပိုင်းထွက်ပြေးဖို့ တမျိုးတဖုံ စဉ်းစားတာ အကောင်းဆုံးဆိုတာ သူသဘောပေါက်ပါတယ်။



ဂစ်ဇရီ ဝက်ဝံခေါင်းကြီးဟာ နင်ကို တစ်ချက်တည်း မျိုချလိုက်ပါတယ်။



အရိပ်ကြီးဟာ ပျောက်ကွယ်သွားပါပြီ။



နင်လည်း မရှိတော့ပါဘူး။



Serpentwing သားရဲဂူရဲ့ လမ်းကြောင်းတွေဟာလည်း ဘာမှမဖြစ်ခဲ့သလို ငြိမ်သက် တိတ်ဆိတ်ပြီး ကျန်ခဲ့ပါတော့တယ်။




Chapter 13 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 14 ရေအောက်နန်းတော်







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…












Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)